Connect with us

Hi, what are you looking for?

သတင်း

အထက်မင်းလှရှိ လက်ပံတံခါးနယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေဟုဆို

စစ်ကောင်စီတပ်သည် အဆိုပါနယ်မြေရဲကင်းတိုက်ခိုက်ခံရပြီးနောက် ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)မှ စစ်ကား သုံးစီးဖြင့် လက်ပံတံခါးစခန်း ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု - PRA (Magway)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PRA

စောနွေဦး/People’s Spring

မကွေးတိုင်း အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာရှိ စစ်ကောင်စီ၏ နယ်မြေရဲစခန်းကို ယနေ့ နံနက်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု – PRA (Magway)မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါနယ်မြေရဲစခန်းကို ယနေ့ (စက်တင်ဘာ ၂၆ ရက်) နံနက် ၁ နာရီ ၂၇ မိနစ်မှစတင်ပြီး ၄၅ မိနစ်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် စက်လတ်များဖြင့် ပစ်ခတ်မှုကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိခဲ့ကြောင်းလည်း အဆိုပါတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း လက်ပံတံခါးရဲစခန်းမှ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟုလည်း အဆိုပါအဖွဲ့များက ထုတ်ပြန်ထားသည်။ ထို့အပြင် ဒဏ်ရာရသူလည်းရှိကြောင်းလည်း ယင်းအဖွဲ့များက ဆိုသည်။ ထို့အပြင် ကာကွယ်ရေးတပ် ရဲဘော်များမှာ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ PRA မကွေးအနေနဲ့ မကွေးတိုင်းဒေသကြီးမှာ ဧရာဝတီမြစ်နောက်ဘက်ခြမ်း လွတ်မြောက်ရေးကို ဒေသတွင်းမှာရှိတဲ့ PDFတပ်ဖွဲ့ဝင်တွေ၊ ပကဖတွေနဲ့ ပူးပေါင်းသွားမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တစိုက်မတ်မတ်သွားနေပါတယ်။ လက်ပံတံခါးဟာ လှုပ်ရှားနယ်မြေထဲမှာရှိတဲ့ စစ်ရေးပစ်မှတ်တစ်ခုဖြစ်ပါတယ်” ဟု PRA (Magway)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါနယ်မြေရဲကင်းတိုက်ခိုက်ခံရပြီးနောက် ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)မှ စစ်ကား သုံးစီးဖြင့် လက်ပံတံခါးစခန်း ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကို အရှိချင်းကာကွယ်ရေးတပ် (ACDF)၊ လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA Magway) ၊ အထက်မင်းလှ – ပကဖ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ( မကွေး ပကဖ ) ၊ နှင့် Key of Revolutionပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...