Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် စက်တင်ဘာအတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် လေးဦးသေပြီး CDF ရဲဘော်တစ်ဦး ကျဆုံး

မင်းတပ် CDFအနေဖြင့် နယ်မြေချင်းဆက်စပ်နေသည့် မကွေးတိုင်း ကျောဒေသ၌လည်း တိုက်ပွဲဝင်လျက်ရှိရာ စက်တင်ဘာ ၁၈ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်နှစ်ဦး စစ်ကောင်စီတပ်အား ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်နှစ်ဦး စစ်ကောင်စီတပ်အား ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CDF-Mindat)

မင်းတပ်ဒေသခံပြည်သူများကို စစ်ကောင်စီတပ် ဖမ်းဆီးမှုများ အကြိမ်ကြိမ်ပြုလုပ်နေ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စက်တင်ဘာလအတွင်းတိုက်ပွဲ ငါးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ သတင်းထုတ်ပြန်သည်။

တိုက်ပွဲများအနက် မင်းတပ်မြို့တွင်း၌ စက်တင်ဘာ ၉ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ်က နှစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ မင်းတပ်မြို့ အရှေ့ပြင်နေရာ၌ စက်တင်ဘာ ၂၄ရက်တွင်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲ၌လည်း စစ်ကောင်စီတပ် နှစ်ဦးသေ ၊ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

စက်တင်ဘာ ၂၆ရက် မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ကို CDF က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်မှုရှိနိုင်သည်ဟု ထုတ်ပြန်သည်။

စက်တင်ဘာ ၁၃ရက် တက္ကသိုလ်ဝန်းတိုက်ပွဲ၌ မင်းတပ် CDF ရဲဘော် တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မင်းတပ် CDFအနေဖြင့် နယ်မြေချင်းဆက်စပ်နေသည့် မကွေးတိုင်း ကျောဒေသ၌လည်း တိုက်ပွဲဝင်လျက်ရှိရာ စက်တင်ဘာ ၁၈ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၂၉ရက်က တိုက်နယ်လေးဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် ပြည်သူ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ဒဏ်ရာရသူ နှစ်ဦးအနက် တစ်ဦးမှာ (၁၀)နှစ်အရွယ်ကလေးငယ်ဖြစ်ပြီး နောက်ထပ်တစ်ဦးမှာ (၁၇)နှစ်အရွယ်မိန်းကလေးငယ် ဖြစ်သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် နေအိမ်ပျက်စီးထိခိုက်မှုများလည်းရှိခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်က ပြည်သူလူထုများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၄၀ခန့်ကို အစုလိုက် ဖမ်းဆီးခြင်းအပါအဝင် ဖမ်းဆီးမှု ခြောက်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ပြည်သူ ၆၀ဦး ဖမ်းဆီးခံရကြောင်း၊ ယင်းအနက် ပြည်သူ ၅၀ဦးအားစစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ၁၀ဦးကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း မင်းတပ် CDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။