Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီနှင့် မြိတ်တို့တွင် စစ်ကောင်စီတပ် နှစ်ရက်အတွင်းသုံးကြိမ်တိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် နံနက် ၁၁နာရီခန့်က ဗိုလ်ချုပ်ကြေးရုပ်အနီးရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို (၄၀) မမများဖြင့် ပစ်ခတ်၍ ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်တပ်ရင်း (၂ )မှ ရဲဘော်များအား တွေ့ရစဥ်။ဓါတ်ပုံ-မြိတ်ခရိုင်PDF

ကျော်ဇော/People’s Spring

တနင်္သာရီနှင့် မြိတ်မြို့နယ်တို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းများကို နှစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တနင်္သာရီမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် နံနက် ၁၁နာရီခန့်က ဗိုလ်ချုပ်ကြေးရုပ်အနီးရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို (၄၀) မမများဖြင့် ပစ်ခတ်၍ ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ အခြေအနေက ပြောက်ကျားသွားပစ်တာပါ။ အဝေးကနေ ၄၀ မမနဲ့ပစ်တာ။ နှစ်ဖက်စလုံး ထိခိုက်မှုမရှိပါဘူးဗျ” ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ နာရီဝက်နီးပါး ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ယင်းနေ့(စက်တင်ဘာ ၂၃)က မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု၊ ရွှေကြက်ယက်ဘုရားတောင်အနီးတွင် စစ်ကောင်စီအဖွဲ့များအား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် တပ်ရင်း(၂) ပူးပေါင်းအဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးထိခိုက်ခဲ့​သည်ဟု စုံစမ်းသိရသည်။

ထို့အပြင် စက်တင်ဘာ ၂၄ ရက်တွင်လည်း မြိတ်မြို့နယ်၊ မြိတ် – တနင်္သာရီပြည်ထောင်စုလမ်းမကြီး၊ လသာကျေးရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းအား တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် တပ်ရင်း(၂)ပူးပေါင်းအဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

လတ်တလောအခြေအနေများအရ မြိတ် – တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို အလေးထားလိုက်နာပေးကြပါရန် အသိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...