Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီနှင့် မြိတ်တို့တွင် စစ်ကောင်စီတပ် နှစ်ရက်အတွင်းသုံးကြိမ်တိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် နံနက် ၁၁နာရီခန့်က ဗိုလ်ချုပ်ကြေးရုပ်အနီးရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို (၄၀) မမများဖြင့် ပစ်ခတ်၍ ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်တပ်ရင်း (၂ )မှ ရဲဘော်များအား တွေ့ရစဥ်။ဓါတ်ပုံ-မြိတ်ခရိုင်PDF

ကျော်ဇော/People’s Spring

တနင်္သာရီနှင့် မြိတ်မြို့နယ်တို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းများကို နှစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တနင်္သာရီမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် နံနက် ၁၁နာရီခန့်က ဗိုလ်ချုပ်ကြေးရုပ်အနီးရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို (၄၀) မမများဖြင့် ပစ်ခတ်၍ ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အခြေအနေက ပြောက်ကျားသွားပစ်တာပါ။ အဝေးကနေ ၄၀ မမနဲ့ပစ်တာ။ နှစ်ဖက်စလုံး ထိခိုက်မှုမရှိပါဘူးဗျ”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ နာရီဝက်နီးပါး ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ယင်းနေ့(စက်တင်ဘာ ၂၃)က မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု၊ ရွှေကြက်ယက်ဘုရားတောင်အနီးတွင် စစ်ကောင်စီအဖွဲ့များအား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် တပ်ရင်း(၂) ပူးပေါင်းအဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးထိခိုက်ခဲ့​သည်ဟု စုံစမ်းသိရသည်။

ထို့အပြင် စက်တင်ဘာ ၂၄ ရက်တွင်လည်း မြိတ်မြို့နယ်၊ မြိတ် – တနင်္သာရီပြည်ထောင်စုလမ်းမကြီး၊ လသာကျေးရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းအား တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် တပ်ရင်း(၂)ပူးပေါင်းအဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

လတ်တလောအခြေအနေများအရ မြိတ် – တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို အလေးထားလိုက်နာပေးကြပါရန် အသိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ