Connect with us

Hi, what are you looking for?

သတင်း

အလော့ဘွမ်အနီးတိုက်ပွဲ KIA က အရှင်ဖမ်းမိခဲ့သည့် စစ်ကောင်သား ၅ဦးအနက် ၁ ဦးသေဆုံး

KIA နှင့် စစ်ကောင်စီတပ်တို့သည် မြစ်ကြီးနား -ဗန်းမော်လမ်း၌ ဇူလိုင်လမှစ၍တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

(KIA ကဖမ်းဆီးနိုင်ခဲ့​သော စစ်​ကောင်စီတပ်သား ၅ ဦးပုံနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ -Facebook Viral ၊ ​ပေးပို့)
(KIA ကဖမ်းဆီးနိုင်ခဲ့​သော စစ်​ကောင်စီတပ်သား ၅ ဦးပုံနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ -Facebook Viral ၊ ​ပေးပို့)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလော့ဘွမ်(တောင်)အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရပြီး ၁ ဦးမှာ ဒဏ်ရာရပြီး ​သေဆုံးသွား​ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က​​ပြောသည်။

စက်တင်ဘာ ၃၀ရက် မနက် ၈နာရီ ၄၀ ခန့်တွင် မိုးမောက်မြို့နယ် အလော့ဘွမ် အောက်ရှိ ရှန်တုန်ဘွမ်စခန်းမှ ရိက္ခာသယ်ရန် ဆင်းလာသည့် ခမရ(၄၃၈)တပ်ရင်းမှ စစ်သား ၁၅ဦးကို ဝူထန်ယန်ရွာ အနီး၌ KIA တပ်ရင်း ၂၅ က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ နေ့လယ် ၁၂နာရီခန့်အထိကြာခဲ့​သောတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ထပ်မံ​သေဆုံးသွား​ကြောင်းသိရသည်။

“၅ ယောက်ထဲက ၁ယောက်ပြန်သေသွားတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦး အပါအဝင် ၄ဦး အရှင်ဖမ်းမိကာ ၈ဦး ထွက်ပြေးသွားခြင်းဖြစ်သည်ဟုဆိုသည်။

(KIA ကဖမ်းဆီးနိုင်ခဲ့​သော စစ်​ကောင်စီတပ်သား ၅ ဦးပုံနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ -Facebook Viral ၊ ​ပေးပို့)
(KIA ကဖမ်းဆီးနိုင်ခဲ့​သော စစ်​ကောင်စီတပ်သား ၅ ဦးပုံနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ -Facebook Viral ၊ ​ပေးပို့)

KIA က စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိခဲ့စဥ်ကဓာတ်ပုံအချို့လည်း လူမှုကွန်ရက်၌ ပြန့်နှံ့လာသည်။ ဖမ်းဆီးခံရ​သော စစ်​ကောင်စီတပ် ​ရှေ့တန်းမှ စစ်သား ၅ ဦးတွင် ၂ ဦးမှာ လူလတ်ပိုင်းဖြစ်​သော်လည်း၃ ဦးမှာ အသက်အရွယ်ကြီး​နေသူများဖြစ်​ကြောင်း​တွေ့ရသည်။

KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း “ထိတွေ့ရင်ဆိုင်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတချို့ကို ဖမ်းမိတာတွေရှိပါတယ်။ အရှင်ဖမ်းမိတာတွေကလည်း ဒဏ်ရာရပြီးတော့မှထွက်ပြေးလို့မရတာမို့ သူတို့ကို ဆေးကုသမှုတွေပေးနေတာလည်းရှိပါတယ်။ တချို့လည်းဆုံးပါးသွားတယ်လို့သိရပါတယ်” ဟုယနေ့(အောက်တိုဘာလ ၂ရက်) နံနက် ပိုင်းတွင် အတည်ပြုပြောကြားသည်။

အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်ထံမှ လက်နက် ၅လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိထားသည်ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

သတင်းရင်းမြစ်က ပေးပို့လာသည့် ဓာတ်ပုံတွင် လက်နက်ငယ် ၅လက်၊ အီနာဂါ ဗုံးသီး၊ ၄၀ မမကျည်များ၊ကျည်ဘောက်များ၊စစ်ဝတ်စုံနှင့် ကျည်ကာများသိမ်းဆည်းရရှိထားသည်ကို တွေ့ရသည်။

ရှန်တုန်တောင်(ဘွမ်)သည် အလော့တောင်(ဘွမ်)နှင့် ဆက်စပ်နေပြီး စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် ဖြင့် ထိုင်ထားသည့်တပ်စခန်းဖြစ်သည်ဟု KIAထံမှသိရသည်။

အဆိုပါစစ်ကြောင်းသည် ယမန်နေ့ ညနေတွင် နွယ်လမ်းရွာအတွင်း ဝင်ရောက်သွားပြီး တပ်ဖျောက်ထားကြောင်းလည်း​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

နယ်မြေထိစပ်နေပြီး နှစ်ဖက်တပ်များ စစ်ရေးအမြဲအသင့်ဖြစ်နေ‌၍ တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြ အသိပေးထားသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ အလောဘွမ်တပ်စခန်းသည် စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်ပြီး ယင်းတပ်စခန်းကို KIAက ၂၀၂၁ မတ်လတွင် တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

KIA နှင့် စစ်ကောင်စီတပ်တို့သည် မြစ်ကြီးနား -ဗန်းမော်လမ်း၌ ဇူလိုင်လမှစ၍တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။