News စစ်ကောင်စီတပ် အင်အားတိုးချလာ၍စစ်ဖြစ်လျှင်အမြန်တိမ်းရှောင်ရန် ထီးချိုင့်PDF သတိပေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်အားတိုးမြှင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည်ထီးချိုင့်တွင်လည်း စစ်အင်အားအများအပြားဖြန့်ကျက်ထား၍ တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သတိပေး ထားသည်။ LuduNwayOoအောက်တိုဘာ 22, 2021
News ကုန်တင်ယာဉ်ဖြင့်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့် PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူများရှိ မိုင်းထိမှန်ခြင်းမရှိသည့် ယာဉ်မှစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု PDFက ထုတ်ပြန်သည်။ LuduNwayOoအောက်တိုဘာ 19, 2021
News ထီးချိုင့်တွင် စစ်ကောင်စီတပ်က ပြည်သူငါးဦးထက်မနည်းကိုဖမ်းဆီး ၊ဒေသခံတော်လှန်ရေးအဖွဲ့နှင့်ပစ်ခတ်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေ ထီးချိုင့်မြို့တွင်း မြို့ပြင်နေရာများကို စစ်ကောင်စီအင်အားအများအပြားက အောက်တိုဘာ၈ရက်ညတွင် ဝင်ရောက်ရှာဖွေခြင်း ၊စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က ယနေ့ သတင်းထုတ်ပြန်သည်။ LuduNwayOoအောက်တိုဘာ 9, 2021
News ထီးချိုင့်တွင် အုပ်ကြီးအားလုံးနီးပါးနှုတ်ထွက်၊ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားရပ်တန့်သွားပြီဟုဒေသခံများပြော "အုပ်ချုပ်ရေးမှုးအားလုံးနီးပါး နှုတ်ထွက်သွားပြီ။ ဒလန်က သူဒလန်မဟုတ်ဘူးလို့ ကြေငြာလည်း အသတ်ခံရတာပဲ။ စကစနဲ့ တွဲမလုပ်ရဲကြတော့ဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoအောက်တိုဘာ 6, 2021
News ထီးချိုင့်ရှိ နယ်မြေရဲစခန်းတစ်ခုကို PDF ထပ်မံမီးရှို့ ထီးချိုင့်မြို့နယ်တွင် ထီးချိုင့်မြို့မရဲစခန်း၊ အလယ်တောရဲစခန်း၊ ညောင်ပင်သာရဲစခန်းနှင့် ကမ်းနီးရဲစခန်း အပါ အဝင် ရဲစခန်းနှင့်နယ်မြေရဲစခန်း ငါးခုရှိသည်။ LuduNwayOoအောက်တိုဘာ 5, 2021
News ဒလန်တစ်ဦးကိုထပ်မံသုတ်သင်ကြောင်း ထီးချိုင့် PDF ထုတ်ပြန် ထီးချိုင့်မြို့နယ်အလယ်တောကျေးရွာမှ စစ်တပ်အရာရှိဟောင်းမျိုးအောင်ဆိုသူကို အောက်တိုဘာ ၄ ရက်တွင် သုတ်သင်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။ LuduNwayOoအောက်တိုဘာ 5, 2021
News ထီးချိုင့်တွင် စစ်ကောင်စီသတင်းပေးဟုအမည်ထွက်နေသူ သေနတ်ဖြင့်ပစ်သတ်ခံရ "သေနတ်နဲ့ တစ်ချက်ပဲ ပစ်သွားတာ။ အဲ့ဒီလူ (သေနတ်ကျည် ထိမှန်သူ)ဆေးရုံကိုသယ်သွားပြီ"ဟုဒေသခံတစ်ဦးက ယနေ့နံနက် ၈နာရီတွင် ပြောသည်။ LuduNwayOoအောက်တိုဘာ 3, 2021
News စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ စက်တင်ဘာလကုန် နောက်ဆုံးထားနုတ်ထွက်ကြရန် ထီးချိုင့်PDF သတိပေး ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမည့် အိမ်စီးကားငယ်များ မှန်ချမောင်းနှင်ရန်နှင့် ကုန်ကားကြီးများ အနေဖြင့် နောက်ဖုံးမိုးကာများအား လုံးဝအုပ်ထားခြင်းမပြုရန် ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 24, 2021
News ထီးချိုင့်တွင် စစ်ကောင်စီယာဉ်တန်းကို PDFနှင့် KIAတို့ ပူးပေါင်းတိုက်ခိုက်၊စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးဟု ထုတ်ပြန် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင် စီယာဉ်တန်းကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် PDFက ယနေ့ သတင်းထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 3, 2021
News ထီးချိုင့်နှင့် ကသာတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံး (KIA နှင့်ပူးပေါင်းတိုက်ခိုက်ခြင်းဟု PDF ထုတ်ပြန်) ထီးချိုင့်ဒေသခံတစ်ဦးကလည်း “ ဖြစ်တာမှန်တယ်။ သူတို့ တင်ထားတဲ့အတိုင်းလည်း ဟုတ်တယ်။ အခုဖြစ်တဲ့ တပ်(တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်)ကလည်း သွားလိုက်လာလိုက်ပဲဗျ။ထီးချိုင့်မြို့နယ်ထဲမှာ ဝင်ပြီးမှ အပြန်မှာဖြစ်တယ်ပြောတယ်” ဟု ပြောသည်။ LuduNwayOoဇွန် 28, 2021