Connect with us

Hi, what are you looking for?

News

ထီးချိုင့်နှင့် ကသာတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံး (KIA နှင့်ပူး​ပေါင်းတိုက်ခိုက်ခြင်းဟု PDF ထုတ်ပြန်)

ထီးချိုင့်ဒေသခံတစ်ဦးကလည်း “ ဖြစ်တာမှန်တယ်။ သူတို့ တင်ထားတဲ့အတိုင်းလည်း ဟုတ်တယ်။ အခုဖြစ်တဲ့ တပ်(တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်)ကလည်း သွားလိုက်လာလိုက်ပဲဗျ။ထီးချိုင့်မြို့နယ်ထဲမှာ ဝင်ပြီးမှ အပြန်မှာဖြစ်တယ်ပြောတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့ကြောင်း သက် ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ် မော်ကွန်းတောင်ရိုးလမ်းပိုင်းတွင် ဇွန်လ ၂၆ရက်က စစ်ကောင်စီ၏ မော်တော်ယာဉ် သုံးစီးကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် ၁၄ ဦးထက်မနည်း သေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ထီးချိုင့် PDFက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ကချင်လက်နက်ကိုင်အဖွဲ့(KIA) နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ထီးချိုင့်ဒေသခံတစ်ဦးကလည်း “ ဖြစ်တာမှန်တယ်။ သူတို့ တင်ထားတဲ့အတိုင်းလည်း ဟုတ်တယ်။ အခုဖြစ်တဲ့ တပ်(တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်)ကလည်း သွားလိုက်လာလိုက်ပဲဗျ။ထီးချိုင့်မြို့နယ်ထဲမှာ ဝင်ပြီးမှ အပြန်မှာဖြစ်တယ်ပြောတယ်” ဟု ပြောသည်။

အလားတူ ကသာမြို့နယ် မိုးတားအုပ်စု ရွှေကျောင်းကုန်းရွာအနီးတွင်လည်း ဇွန်လ ၂၄ရက်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးခဲ့ကြောင်း ကသာ PDFက သတင်းထုတ်ပြန်ထားသည်။အဆိုပါ တိုက်ခိုက်မှုကိုလည်း KIA နှင့် ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ကသာနှင့် ထီးချိုင့်ဒေသတိုက်ပွဲများ၌ KIA ပါဝင်သည်ဆိုခြင်းနှင့်ပတ်သက်ပြီး ယင်းအဖွဲ့ သတင်းနှင့်ပြန်ကြား ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအားမေးမြန်းရာ ထုတ်ပြန်ချက်ကို အတည်ပြု၍ မရသော်လည်း ဒေသခံနှင့် အောက်ခြေတပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။