Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်​ကောင်စီသတင်း​ပေးဟုအမည်ထွက်​နေသူ ​သေနတ်ဖြင့်ပစ်သတ်ခံရ

“သေနတ်နဲ့ တစ်ချက်ပဲ ပစ်သွားတာ။ အဲ့ဒီလူ (သေနတ်ကျည် ထိမှန်သူ)ဆေးရုံကိုသယ်သွားပြီ”ဟုဒေသခံတစ်ဦးက ယ​နေ့နံနက် ၈နာရီတွင် ပြောသည်။

(ထီးချိုင့်တွင် အုပ်ချုပ်​ရေးမှူးနှင့် ရာအိမ်မှူးများနှုတ်ထွက်​ထားပြီးဖြစ်ကြောင်း​ ရေးသားထားသည့်စာတစ်​စောင်ကို ​တွေ့ရစဥ်)

ထီးချိုင့်တွင် စစ်ကောင်စီသတင်းပေးဒလန်ဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး ယနေ့ (အောက်တိုဘာ ၃ရက်)နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံ​ကြောင်း​ဒေသခံများက​ ပြောသည်။

ထီးချိင့်မြို့ပေါ်တွင် ကားပြင်​သောလုပ်ငန်းလုပ်နေသည့်အမျိုးသားတစ်ဦးထံသို့ လူနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက် လာကာ သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်​ကြောင်းဒေသခံများက ပြောသည်။

“သေနတ်နဲ့ တစ်ချက်ပဲ ပစ်သွားတာ။ အဲ့ဒီလူ (သေနတ်ကျည် ထိမှန်သူ)ဆေးရုံကိုသယ်သွားပြီ”ဟုဒေသခံတစ်ဦးက ယ​နေ့နံနက် ၈နာရီတွင် ပြောသည်။

သို့​သော် ​သေနတ်ဖြင့်အပစ်ခံရပြီး ဒဏ်ရာရသူမှာ ​သေ ဆုံးပြီလား ၊မ​သေဆုံးပြီလားဆိုသည်ကို အတည်ပြုမ​ရ​သေး​ပေ။

Public Service Announcement

Public Service Announcement

ဒလန်ရှင်းလင်းရေး ဆက်တိုက်လုပ်မည်ဟု PDFက ကြေငြာထား​သော ထီးချိုင့်မြို့တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှုးနှစ်ဦးကို သုတ်သင်ပြီးနောက် ကျန်အုပ်ချုပ်ရေးမှုးများ နှုတ်ထွက်ရန် ထီးချိုင့် PDFက သတိပေးထားသည်။ထို့ကြောင့်အုပ်ချုပ်ရေးမှုးအများစုလည်း အစုလိုက်၊အပြုံလိုက် နှုတ်ထွက်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်‌တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။

သတင်း

ယခုအခါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်တောင်ပေါ်၌ အခိုင်အမာစခန်းတည်ဆောက်ထားပြီး စခန်းပတ်ချာလည်ရှိ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။