Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် အင်အားတိုးချလာ၍စစ်ဖြစ်လျှင်အမြန်တိမ်းရှောင်ရန် ထီးချိုင့်PDF သတိပေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်အားတိုးမြှင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည်ထီးချိုင့်တွင်လည်း စစ်အင်အားအများအပြားဖြန့်ကျက်ထား၍ တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သတိပေး ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ထီးချိုင့်တွင် စစ်အင်အားတိုးချထားပြီး ထိတွေ့စစ်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် စစ်ဖြစ်ပါကအမြန်ဆုံးရှောင်ရှားနိုင်အောင် ကြိုတင်ပြင်ဆင်ထားကြရန် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်အားတိုးမြှင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည်ထီးချိုင့်တွင်လည်း စစ်အင်အားအများအပြားဖြန့်ကျက်ထား၍ တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သတိပေး ထားသည်။

” ထီးချိုင့်မြို့ရဲ့စစ်ရေးအနေအထားကထိလွယ်ရှလွယ်ပုံစံမျိုးပါဘဲ။စခတွေဟာအင်းတိန်မှာခြေကုပ်ယူထားသလို၊ကွမ်းတုံအနောက်တောင်ကျောမှာလည်း တပ်ချထားပါတယ်။အောင်ချမ်းသာအနီးတွင်လည်းရှိနေပြီး အင်းတော်မြို့နယ်ကျောင်းကုန်းမှာလည်း ရှိနေဆဲပါ။နောက်ပြီး အင်းတော်မြို့နယ်ကွင်းချောင်းလမ်းခွဲမှာရှိနေသလို ကြိမ်ချောင်းအနီးမှာလည်း ရောက်ရှိနေပါတယ်။ဒီတော့ ထီးချိုင့်နယ်ဇီးဖြူကျင်း၊ဘိုတဲကုန်း၊ကျောက်အိုက်၊ကွမ်းတုံနှင့်အောင်ချမ်းသာတကြောမှာစစ်ရေးပြင်ကာ ရှာဖွေမွှေနှောက်မယ့်သဘောတရားကိုတွေ့နေရပါတယ်”ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား ရှင်းပြထားသည်။

ထီးချိုင့်နှင့် ထိစပ်နေသည့် ကောလင်းမြို့နယ်ကျောက်တန်းရွာအနီးတွင်လည်း စစ်ကောင်စီက တပ်စွဲထားပြီး စစ်ဆေးမှုများရှိနေသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့(အောက်တိုဘာ ၂၁ရက်ည)ညတွင် မြတောင်သုသာန်၌ ကင်းပုန်းဝပ်နေကြောင်းလည်း သတိပေး ထားသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်း၌ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်၍ အသင့်ရှောင်ရှားနိုင်ရေးအတွက် ကြိုတင်သတိပြုရန်လိုအပ်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား ရှင်းပြထားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ဆင်ရေးပြုလုပ်ပါက ပြည်သူများကိုဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း ၊နေအိမ်များမီးရှို့ဖျက်ဆီးခြင်း ၊ ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်း၊လုယက်ခြင်းများပြုလုပ်တက်သလို၊ စစ်ကောင်စီတပ်အထိ့နာသောဒေသတွင် ပြည်သူများကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ပါပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook