Connect with us

Hi, what are you looking for?

News

ကုန်တင်ယာဉ်ဖြင့်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့် PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူများရှိ

မိုင်းထိမှန်ခြင်းမရှိသည့် ယာဉ်မှစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု PDFက ထုတ်ပြန်သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ထီးချိုင့် – အင်းတော်လမ်းပိုင်း၌ ကုန်တင်ယာဉ်နှစ်စီးဖြင့်လိုက်ပါလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၉ရက်) မွန်းလွဲ ၂နာရီခွဲက ထီးချိုင့်- အင်းတော်လမ်း မုခ်တစ်ထောင်ဘုရားအနီးတွင် အင်းတော်ဘက်သို့ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် ခြောက်ဘီးကား နှစ်စီးအား PDF ပျောက်ကြား တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် PDFက သတင်းထုတ်ပြန်သည်။

“သူတို့နှစ်စီးလာတာ။ ကုန်ကားလိုအယောင်ဆောင်ပြီး လာတာ အဲဒါကိုသတင်းရလို့ခွဲတာ နောက်ကားကို ထိတာလို့ပြောတယ်။ လူဦးရေ အတိအကျတော့ မသိဘူး။ ဒဏ်ရာရတာ ထီးချိုင့်ဆေးရုံကိုပို့ထားတယ်လို့ သိရတယ်။တော်တော်လည်း ဂန့်တယ်လို့ထင်ပါတယ်။ လူဦးရေအတိအကျတော့ နောက်နေ့မှ သိရမယ်ထင်တယ်။” ဟု ထီးချိုင့်ဒေသခံက ပြောသည်။

မိုင်းထိမှန်ခြင်းမရှိသည့် ယာဉ်မှစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ပစ်ခတ်နှိပ်စက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်မတွေ့ဘဲ တော်လှန်ရေးအသိဖြင့် နေထိုင်သွားရန်လည်း ထီးချိုင့် PDFက အသိပေးထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။