Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုန်တင်ယာဉ်ဖြင့်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့် PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူများရှိ

မိုင်းထိမှန်ခြင်းမရှိသည့် ယာဉ်မှစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု PDFက ထုတ်ပြန်သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ထီးချိုင့် – အင်းတော်လမ်းပိုင်း၌ ကုန်တင်ယာဉ်နှစ်စီးဖြင့်လိုက်ပါလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၉ရက်) မွန်းလွဲ ၂နာရီခွဲက ထီးချိုင့်- အင်းတော်လမ်း မုခ်တစ်ထောင်ဘုရားအနီးတွင် အင်းတော်ဘက်သို့ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် ခြောက်ဘီးကား နှစ်စီးအား PDF ပျောက်ကြား တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် PDFက သတင်းထုတ်ပြန်သည်။

“သူတို့နှစ်စီးလာတာ။ ကုန်ကားလိုအယောင်ဆောင်ပြီး လာတာ အဲဒါကိုသတင်းရလို့ခွဲတာ နောက်ကားကို ထိတာလို့ပြောတယ်။ လူဦးရေ အတိအကျတော့ မသိဘူး။ ဒဏ်ရာရတာ ထီးချိုင့်ဆေးရုံကိုပို့ထားတယ်လို့ သိရတယ်။တော်တော်လည်း ဂန့်တယ်လို့ထင်ပါတယ်။ လူဦးရေအတိအကျတော့ နောက်နေ့မှ သိရမယ်ထင်တယ်။” ဟု ထီးချိုင့်ဒေသခံက ပြောသည်။

မိုင်းထိမှန်ခြင်းမရှိသည့် ယာဉ်မှစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ပစ်ခတ်နှိပ်စက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်မတွေ့ဘဲ တော်လှန်ရေးအသိဖြင့် နေထိုင်သွားရန်လည်း ထီးချိုင့် PDFက အသိပေးထား သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။