Connect with us

Hi, what are you looking for?

News

ဒလန်တစ်ဦးကိုထပ်မံသုတ်သင်ကြောင်း ထီးချိုင့် PDF ထုတ်ပြန်

ထီးချိုင့်မြို့နယ်အလယ်တောကျေးရွာမှ စစ်တပ်အရာရှိဟောင်းမျိုးအောင်ဆိုသူကို အောက်တိုဘာ ၄ ရက်တွင် သုတ်သင်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

ထီးချိုင့်မြို့တွင် အာဏာသိမ်းစစ်ကောင်စီသတင်းပေးဒလန်တစ်ဦးကို ထပ်မံသုတ်သင်လိုက်ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ်အလယ်တောကျေးရွာမှ စစ်တပ်အရာရှိဟောင်းမျိုးအောင်ဆိုသူကို အောက်တိုဘာ ၄ ရက်တွင် သုတ်သင်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂ ရက်ကလည်း ထီးချိုင့်မြို့ပေါ်မှ ဒလန်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။ထို့အပြင် စစ်ကောင်စီခန့် တည်တောရွာအုပ်ချုပ်ရေးမှူး
ဦးကျော်မောင်မှာလည်း လွန်ခဲ့သည့် ရက်အနည်းငယ်က ထီးချိုင့်မြို့ပေါ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဥ် လူတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ် သည်။

ထီးချိုင့်ဒေသတွင် စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်မည်ဖြစ်၍ မြို့တွင်း၊ မြို့ပြင်လမ်းများတွင် ည၈နာရီမှ နံနက်၄နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook