စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကမ်းနီးရဲစခန်းကို ဒေသခံပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့(PDF)က ယမန်နေ့ညတွင် ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်။
“ကမ်းနီစခန်းကို မီးရှို့တာ။ လူမရှိပါဘူးလို့ပြောတယ်။ စခန်းကို စွန့်ထားတာ။ ဒီဟာကို အခြေပြုပြီးနောက်ထပ်လာမှာစိုးလို့”ဟု ထီးချိုင့်ဒေသခံတစ်ဦးက ပြောသည်။
ထီးချိုင့်မြို့နယ်တွင် ထီးချိုင့်မြို့မရဲစခန်း၊ အလယ်တောရဲစခန်း၊ ညောင်ပင်သာရဲစခန်းနှင့် ကမ်းနီးရဲစခန်း အပါ အဝင် ရဲစခန်းနှင့်နယ်မြေရဲစခန်း ငါးခုရှိသည်။
ယင်းအနက် အလယ်တောရဲစခန်းကို အောက်တိုဘာ ၃ရက်ညပိုင်းက ဒေသခံPDFများက သွားရောက်မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement
အောက်တိုဘာ ၄ရက် နံနက်ကလည်း မြို့ပေါ် ရဲစခန်းကို လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သည်ဟု ထီးချိုင့် PDFက သတင်းထုတ်ပြန်ထားသည်။
ထီးချိုင့်မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်ပြီးဖြစ်ကြောင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရဲတပ်သား ၂၀ဦးကိုလည်း လက်ခံထားကြောင်း PDFက ထုတ်ပြန်ထားသည်။
ထပ်မံပူးပေါင်းလိုပါက ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။


















































