စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိစစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် စက်တင်ဘာ ၃၀ရက် နောက်ဆုံးထား၍ အမြန်နုတ်ထွက်ရန် အရေးပေါ်ကြေညာကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန်လိုက်သည်။
ထီးချိုင့်မြို့နေ ပြည်သူများအနေဖြင့်လည်း ယနေ့ (စက်တင်ဘာ ၂၄ရက်)မှစ၍ ည၈နာရီနောက်ပိုင်း အပြင်သို့လုံးဝ(လုံးဝ)မထွက်ကြရန်၊ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းရှိ ထီးချိုင့်မြို့နယ် လမ်းပိုင်းအား ည၈နာရီကျော်လျှင် လုံးဝ(လုံးဝ)အသုံးမပြုကြရန်လည်း ကြေညာချက်၌ ပါရှိသည်။
ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမည့် အိမ်စီးကားငယ်များ မှန်ချမောင်းနှင်ရန်နှင့် ကုန်ကားကြီးများ အနေဖြင့် နောက်ဖုံးမိုးကာများအား လုံးဝအုပ်ထားခြင်းမပြုရန် ဖော်ပြထားသည်။
အရေးပေါ်ကြေညာချက်များအား လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာသော အကျိုးဆက်များအား လုံး၀တာဝန်ယူမည်မဟုတ်ဟုလည်း ထီးချိုင့် PDFက အသိပေးထားသည်။

Public Service Announcement


















































