သတင်း ဒီးမော့ဆိုမြို့မရဲစခန်းအနီးကင်းလှည့်နေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဟု PDF ပြော ပူးပေါင်းတပ်ဖွဲ့သည်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးကို လည်းသုတ်သင်နိုင်ခဲ့ပြီး တစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်း အရ DMO-Local PDFက အတည်ပြုသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့် အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိနေကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း စစ်မြေပြင်ရှိ ကျောင်း၌ကျန်ရှိခဲ့သည့် ကျောင်းသုံးစာအုပ်များကို ဒီးမော့ဆို PDF ယူဆောင်ပြီး ကျောင်း ၁၂ကျောင်းသို့ ပြန်လည်ဖြန့်ဝေ ထို့နောက် အဆိုပါစာအုပ်များကို ကျောင်း ၁၂ကျောင်းသို့ ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသော စာအုပ်အများအပြားကို ကျောင်းသားသမဂ္ဂထံအပ်နှံထားကာ လိုအပ်သည့်ကျောင်းများသို့ ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။ LuduNwayOoဇူလိုင် 13, 2022
သတင်း ရိက္ခာသယ် စစ်ကောင်စီတပ်ဖွဲ့ ကား ၂စီးကို တိုက်ခိုက် ၃ဦးသေဟု ဒီးမော့ဆို PDF အသိပေး ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 12, 2022
သတင်း ဒီးမော့ဆို၌ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ ဒီးမော့ဆို ရဲစခန်းအနီးပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ခြင်း အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန် သည်။ LuduNwayOoဇွန် 26, 2022
သတင်း စစ်ကောင်စီထိုးစစ်ကြောင့်စစ်ရှောင်နေရသည့် ဒီးမော့ဆိုလူထု၏ ဆိုင်ကယ်များကို ကာကွယ်ရေး ပူးပေါင်းတပ် ပြန်ထုတ်ယူပြီး ပြည်သူများအားပြန်ပေး ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 17, 2022
သတင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒီးမော့ဆို၌ ပြည်သူတစ်ဦးသေဆုံးပြီး (၅)နှစ်ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 11, 2022
သတင်း ဒီးမော့ဆိုမြို့မ ရဲစခန်းအနီးကင်းပုန်းချထားသော စစ်ကောင်စီတပ်ကို KNDF ယနေ့ည သွားရောက်တိုက်ခိုက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ KNDF ရဲဘော်များထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 6, 2022
သတင်း ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအဆင့်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးထက်မနည်းရှိဟု KNDF ထုတ်ပြန် တိုက်ပွဲ ဖြစ်စဥ်များအရ ယခုလ ၄ရက်ကစ၍ စစ်ကောင်စီတပ်က ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း သုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 6, 2022
သတင်း ကင်းလှည့်နေသည့်စစ်ကောင်စီတပ်ကို ဒီးမော့ဆိုPDF တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၆ဦးသေ အဆိုပါ တိုက်ခိုက်မှုကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်း တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။ LuduNwayOoဇွန် 6, 2022