Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအဆင့်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးထက်မနည်းရှိဟု KNDF ထုတ်ပြန်

တိုက်ပွဲ ဖြစ်စဥ်များအရ ယခုလ ၄ရက်ကစ၍ စစ်ကောင်စီတပ်က ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း သုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

KNDF
KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအဆင့်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးထက် မနည်းရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း – ၉ က ယနေ့(ဇွန် ၆ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ ယခုလ ၄ရက်ကစ၍ စစ်ကောင်စီတပ်က ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း သုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

အဆိုပါစစ်ကြောင်းများနှင့် အဆိုပါနေ့ နေ့လည် ၁၂ နာရီခန့်တွင် KNDF တပ်ရင်း – ၉ ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့သည်။

KNDF
KNDF

ထို့နောက် ယမန်နေ့ (ဇွန် ၅ ရက်) နံနက် ၈နာရီခွဲ ခန့်တွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် ရမ်းသမ်း ပစ်ခတ်နေကြောင်းသိရပြီးနောက် နံနက် ၁၁နာရီခန့်တွင် (စကစ) များပုန်းခိုနေသည့် နေရာသို့ ပြောက်ကျား တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်း KNDF တပ်ရင်း ၉ က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာအရှိအပါအဝင် ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာအမျာအပြားရရှိကြောင်းတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိ ကရင်နီပြည်နယ်၌ ဒီးမော့ဆိုအပါအဝင် လွိုင်ကော်၊ဖရူဆို၊ဘောလခဲနှင့်ရှမ်းပြည်နယ်နှင့်အစပ် ဖယ်ခုံတို့တွင်စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ ကရင်နီတပ် ပေါင်းစုများနှင့် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။