Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ

လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့် အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိနေကြောင်း အသိပေးသည်။

(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)
(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေး ရှောင်စခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)တပ်ရင်း – ၈ က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၈ ရက်) မွန်းလွဲ ၁နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လက်နက် ကြီးဖြင့် ခြောက်ကြိမ်တိတိ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းရှိ၊ မရှိကို မသိရသေးပေ။

(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)
(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆို မြို့နယ်၌ စစ်ဘေးရှောင် ပြည်သူ ၈၀,၀၀၀ ခန့်ဖြင့် အများဆုံး ဖြစ်နေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဒီးမော့ဆိုအနောက်ခြမ်းမှာက စစ်ဘေးရှောင်အများဆုံးရှိနေတာ။အဲဒါကို စခ တွေ အနေနဲ့လည်း သိနေတာပဲ။ဒါပေမယ်လို့ အခုလို အကြောင်မဲ့ ရမ်းသမ်းပစ်ခတ်တာတွေက သူတို့ရဲ့ အကြမ်းဖက် နေတဲ့လုပ်ရပ်တွေကို ဖော်ပြနေတာပဲ”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)
(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)

ထို့ကြောင့် လူဦးရေ နှစ်သိန်းကျော်စစ်ဘေးရှောင်နေရသော ကရင်နီဒေသတွင် စစ်မဲ့ဇုန်ဖန်တီး ပေးရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ကုလသမဂ္ဂလအောက်ခံ အဖွဲ့အစည်းများ ကို တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့် အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိနေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။