Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့မရဲစခန်းအနီးကင်းလှည့်နေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဟု PDF ပြော

ပူးပေါင်းတပ်ဖွဲ့သည်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးကို လည်းသုတ်သင်နိုင်ခဲ့ပြီး တစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်း အရ DMO-Local PDFက အတည်ပြုသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-LPDF)မှ ရဲဘော်များအား တွေ့ရစဥ်)
(ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-LPDF)မှ ရဲဘော်များအား တွေ့ရစဥ်)

ဒီးမော့ဆိုမြို့မရဲစခန်းအနီးကင်းလှည့်နေသော စစ်ကောင်စီတပ်ကို လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- Local PDF) က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၂၈ ရက်) နေ့လည် ၁၂နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO -Local PDF) ဗျူဟာ (၃)နှင့် အလယ်ပိုင်းတိုင်းတပ်ရင်း (၁၁၀၆)တို့မှ ရဲဘော်များပူပေါင်း၍ တိုက်ခိုက်မှုမှာ ၁၅ မိနစ်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပူးပေါင်းတပ်ဖွဲ့သည်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးကို လည်းသုတ်သင်နိုင်ခဲ့ပြီး တစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်း အရ DMO-Local PDFက အတည်ပြုသည်။

စစ်ကောင်စီအထိုင်ချထားသော မြို့မရဲစခန်းအနီးနေရာတွင် ပြည်သူ့ကာ ကွယ်ရေးတပ်တို့နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိပြီး ယခုတိုက်ပွဲ မတိုင်မီတွင် ကင်းထောက်လေယာဉ်ဖြင့် နှစ်ကြိမ်ခန့် ပျံသန်းလျက်ရှိကာ မည်သည့်အကြောင်းကြောင့် ပျံသန်းသည်ကို မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

“မြို့နယ်တွင်းမှာ အခြေအနေ မငြိမ်သေးဘူး။တိုက်ပွဲက ဆက်ဖြစ်ဖို့ရှိတယ် “ဟု DMO-Local PDF တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ခြေကုတ်ထားသောစခန်းတွင် ခံတုတ်ကျင်းများ၊ ဘန်ကာများအား ခိုင်ခန့်အောင်တည်ဆောက်ထားပြီး လက်နက်ခဲယမ်း တောင့်တင်းစွာဖြည့် တင်းလျက်ရှိကြောင်း လည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။