Connect with us

Hi, what are you looking for?

သတင်း

စစ်​​​မြေပြင်ရှိ ကျောင်း၌ကျန်ရှိခဲ့​သည့် ​ကျောင်းသုံးစာအုပ်များကို ဒီးမော့ဆို PDF ယူဆောင်ပြီး ကျောင်း ၁၂ကျောင်းသို့ ပြန်လည်ဖြန့်ဝေ

ထို့နောက် အဆိုပါစာအုပ်များကို ​ကျောင်း ၁၂ကျောင်းသို့ ဖြန့်​ဝေ​ပေးခဲ့ပြီး ကျန်ရှိနေ​သော စာအုပ်အများအပြားကို ​ကျောင်းသားသမဂ္ဂထံအပ်နှံထားကာ လိုအပ်သည့်​ကျောင်းများသို့ ဆက်လက်ဖြန့်​ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - DMO-LPDF
ဓာတ်ပုံ - DMO-LPDF

ကယားပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ စစ်​မြေပြင်​ရှိ အထက်တန်းကျောင်း တစ်ကျောင်း၌ ​ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-LPDF)နှင့် ​ဒီး​မော့ဆို​ကျောင်းသားသမဂ္ဂတို့ ပူး​ပေါင်း၍ ယမန်နေ့က သွားရောက်ယူဆောင်နိုင်ခဲ့ကြောင်း DMO-LPDF က ယနေ့(ဇူလိုင် ၁၃)ထုတ်ပြန်သည်။

ထို့နောက် အဆိုပါစာအုပ်များကို ​ကျောင်း ၁၂ကျောင်းသို့ ဖြန့်​ဝေ​ပေးခဲ့ပြီး ကျန်ရှိနေ​သော စာအုပ်အများအပြားကို ​ကျောင်းသားသမဂ္ဂထံအပ်နှံထားကာ လိုအပ်သည့်​ကျောင်းများသို့ ဆက်လက်ဖြန့်​ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - DMO-LPDF
ဓာတ်ပုံ – DMO-LPDF

ကယားပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီဖွင့်လှစ်နိုင်ခဲ့သည့် မြို့​ပေါ်ကျောင်း ၁၀ ကျောင်းသာ ရှိခဲ့ပြီး ဒီး​​မော့ဆိုမြို့နယ်တွင် စစ်​​ကောင်စီမှ မည်သည့်ကျောင်းမျှ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသေးကြောင်း DMO-LPDF က ဆိုသည်။

ဓာတ်ပုံ - DMO-LPDF
ဓာတ်ပုံ – DMO-LPDF

ဒီး​မော့ဆိုမြို့နယ်တွင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပညာ​ရေးဝန်ကြီးဌာန လမ်းညွှန်မှု​​အောက်ရှိ ​ကျောင်း​ပေါင်း ၃၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး အထက်တန်းကျောင်း ၂၀ကျော်၊ စေတနာဝန်ထမ်း ဆရာ၊ မ​ ၂,၀၀၀ ကျော်နှင့် ​ကျောင်းသူ၊ကျောင်းသား​ ၄၀,၀၀၀ ကျော်ကို သင်ကြား​ပေးနေကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို၏ ဖော်ပြချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Facebook