Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထိုးစစ်ကြောင့်စစ်ရှောင်နေရသည့် ဒီးမော့ဆိုလူထု၏ ဆိုင်ကယ်များကို ကာကွယ်ရေး ပူးပေါင်းတပ် ပြန်ထုတ်ယူပြီး ပြည်သူများအားပြန်ပေး

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။

(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)
(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)

ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆို မြို့နယ်၊ဒေါငံခါး​ကျေးရွာတွင်စစ်​ကောင်စီစစ်​ကြောင်းထိုးလာသဖြင့် ပြည်သူလူထူထွက်​ပြေးရင်းနေအိမ်များတွင်ကျန်ရစ်ခဲ့သော ဆိုင်ကယ်များကို ထုတ်ယူနိုင်ခဲ့ပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံမှုများပြုလုပ်နေ ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆိုDMO-Local PDF က ထုတ်ပြန်သည်။

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီး/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ခွဲအချို့နှင့် KA(ကရင်နီတပ်မတော်) တပ်ဖွဲ့အချို့တို့ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် လူထုနေအိမ်မှ ကျန်ရစ်လျက်ရှိသော ဆိုင်ကယ်(၁၆)စီးကို ယနေ့ ပြန်ထုတ်ယူနိုင်ခဲ့သည်ဟုအသိ​ပေးသည်။

(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)
(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။

“စစ်ကောင်စီက အင် အားသုံးထိုးစစ်ဆင်လာတော့ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတယ်။အများစုကအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးရတော့ ပစ္စည်းတွေကျန်ခဲ့ကြတာ။အခုထိလည်း ထိတွေ့မှုက ရှိသေးတော့ ဘယ်သူမှ ပြန်မလာနိုင်ကြသေးဘူး”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)
(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)

ယခုနှစ် မတ်လ ကစ၍ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိသောဒေါငံခါးကျေးရွာကို စစ်ကောင်စီ တပ်က ဝင်ရောက်တပ်စွဲခဲ့ခြင်း ဖြစ်သည်။

လက်ရှိထုတ်ယူနိုင်ခဲ့​သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား ပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကာ ကျန်ရစ်​သောဆိုင်ကယ်များကို ပိုင်ရှင်ထံ ဆက်လက် အပ်နှံသွားမည်ဖြစ်ကြောင်း ဒီးမော့ဆို PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။