Connect with us

Hi, what are you looking for?

သတင်း

ကင်းလှည့်နေသည့်စစ်ကောင်စီတပ်ကို ဒီးမော့ဆိုPDF တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၆ဦးသေ

အဆိုပါ တိုက်ခိုက်မှုကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်း တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိ​ပေးထားသည်။

(ဒီး​​မော့ဆို PDFနှင့် အလယ်ပိုင်းတိုင်း၁၁၀၂ တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-ဒီး​မော့ဆိုPDF)
(ဒီး​​မော့ဆို PDFနှင့် အလယ်ပိုင်းတိုင်း၁၁၀၂ တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-ဒီး​မော့ဆိုPDF)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်ပညာရေးမှူးရုံးရှေ့၌ ကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)ပါဝင်သည့်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က ၆ဦးခန့်သေဆုံးခဲ့ကြောင်း ဒီးမော့ဆိုPDFကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ ၅ရက နေ့လည် ၁နာရီမှ တိုက်ပွဲစတင်ခဲ့ပြီး ၁နာရီ ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ၆ဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှထိခိုက်မှုမရှိကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သို့ရာတွင်အထိနာသည့် စစ်ကောင်စီတပ်ကတိုက်ပွဲအပြီးတွင်လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ပြည်သူ လူထု ၏ နေအိမ်အချို့ပျက်စီးခဲ့သည်ဟုလည်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်း တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook