Connect with us

Hi, what are you looking for?

သတင်း

ရိက္ခာသယ် စစ်ကောင်စီတပ်ဖွဲ့ ကား ၂စီးကို တိုက်ခိုက် ၃ဦးသေဟု ဒီးမော့ဆို PDF အသိပေး

ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

People's Spring Published by Lu Thit Page Liked · 10 mins · Edited · ဒီး​မော့ဆိုPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-DMO- PDF
People's Spring Published by Lu Thit Page Liked · 10 mins · Edited · ဒီး​မော့ဆိုPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-DMO- PDF

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရိက္ခာတင်ကား ၂စီးကို ယမန်နေ့ ဇူလိုင် ၁၁ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်စီတပ်မှ ၃ဦးသေဆုံးခဲ့ကြောင်း ဒီးမော့ဆိုပြည် သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့မရပ်ကွက် မြို့မရဲစခန်းသို့ ဟိုက်ဂျက်ကားအဖြူ(၂)စီးဖြင့် ရိက္ခာတင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု​ဖော်ပြထားသည်။

စစ်​ကောင်စီရဟတ်ယာဥ် ။ ။ဓါတ်ပုံ-DMO-PDF
စစ်​ကောင်စီရဟတ်ယာဥ် ။ ။ဓါတ်ပုံ-DMO-PDF

နာရီဝက်ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီမှ ၃ ဦး သေဆုံးခဲ့ကြောင်းမြေပြင်သတင်းအရသိရသည်ဟုအသိ​ပေးသည်။

“မနက် ၁၀ နာရီကျော်လောက်ကစတာ။ တိုက်ပွဲက နာရီဝက် ကျော်လောက်ကြာတယ်။ရန်သူဘက်က အသေအဆုံးတွေများလို့ လက်နက်ကြီး တွေ ၆၀ မမ ၁၂၀ မမ တွေပါထုတ်သုံးပြီး ပစ်ကူ ပေးခဲ့တယ်”ဟုDMO Local PDFမှဗိုလ်ဖရန်စစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုတွင်ပူးပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်မှုမရှိ​ကြောင်းအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။