သတင်း စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ဇူလိုင်၂၀ရက်မတိုင်ခင် နှုတ်ထွက်ရန် တိုင်း(ပကဖ)ညွှန်ကြားထား ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက် ယန္တရားတွင်ကိုယ်တိုင် ကာယကံမြောက် ပါဝင်ပါက ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ကောလင်းခရိုင်(ပကဖ)ကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ မနက်ဖြန်နောက်ဆုံးထားနှုတ်ထွက်ရန် ကြေညာ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးလျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှုတ်ထွက်ဖို့ စစ်ကိုင်းတိုင်းက ခရိုင်အားလုံး နီးပါး ညွှန်ကြား ညွှန်ကြားချက်ကို မလိုက်နာပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူ မည်ဟု သတိပေးထားသည်။ LuduNwayOoဇူလိုင် 13, 2022
သတင်း စစ်ကိုင်းနှင့် ရွှေဘိုခရိုင်တို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခရိုင် PDFတပ်ဖွဲ့များ အသိပေး "အခုလက်ရှိက မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေလဲ CDM ပါပဲ။ NUG အုပ်ချုပ်ရေး(ပြည်သူ့အုပ်ချုပ်ရေးယန္တရား) ကောင်း ကောင်းလည်ပတ်နိုင်နေပါပြီ"ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။ LuduNwayOoဇူလိုင် 13, 2022
သတင်း စစ်ကိုင်းရှိ ခရိုင်လေးခုမှ စစ်ကောင်စီ အုပ်ချုပ်ရေးတာဝန်ယူနေသူ အားလုံးရာထူးမှ နှုတ်ထွက်ရန် NUGကြေညာ စစ်ကိုင်းတိုင်းရှိ နေရာအများစု၌ NUG အစိုးရ လက်အောက်ခံ အဖွဲ့များက စိုးမိုးထားနိုင်ကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်လာပါက လက်နက်အင်အား ကွာခြားမှုကြောင့် ဖယ်ပေးရသည့် နေရာများရှိသော်လည်း အများစုမှာ စိုးမိုးထားနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ချက်ချင်းနှုတ်ထွက်ရန် မုံရွာခရိုင်(ပကဖ) သတိပေးထုတ်ပြန် မုံရွာခရိုင်တွင် မုံရွာ၊ အရာတော်၊ ဘုတလင်၊ ချောင်းဦးဟူ၍ မြို့နယ်လေးမြို့နယ်ပါရှိရာ အရာတော်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတာဝန်ထမ်းဆောင်သည့်ရွာ လေးရွာနှင့် မြို့ပေါ်ရပ်ကွက်သုံးခုသာ ရှိတော့ကြောင်း ၎င်းက ရှင်းပြသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခရိုင်(ပကခ) သတိပေး အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း စစ်ကောင်စီခန့်ထားသည့် အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာလူကြီးများနှုတ်ထွက်ရမည်ဟု KNU ဆောထိ(ရွှေကျင်)မြို့နယ် အသိပေး ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ပါက KNUက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေနှင့်အညီထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 4, 2022
သတင်း ဟင်္သာတတွင် စစ်ကောင်စီဖွဲ့စည်းသည့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် Family ဟိုတယ်ပိုင်ရှင် ဦးဝင်းဇော်ပါဝင်၍ အမြန်နှုတ်ထွက်ရန် သတိပေး စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဦးဝင်းဇော် နှုတ်ထွက်၊မထွက်ကို အချိန်ကာလတစ်ခု စောင့်မည်ဖြစ်ပြီး မြို့ခံများအနေဖြင့် Family ဟိုတယ်နှင့် မိသားစုရွှေဆိုင်များအား အသွားအလာ ရှောင်ကြဥ်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။ LuduNwayOoဇွန် 27, 2022
သတင်း ကြံခင်းမြို့ ဘိလပ်မြေရဲကင်းမှဒုရဲအုပ် နှုတ်ထွက်စာတင်ထားစဥ် ရခိုင်သို့ပြောင်းရွေ့မိန့်ကျ၍ အဆုံးစီ ရင် ဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ကိုယ့်ကိုကိုယ် သေနတ်ဖြင့်သုံးချက်ပစ်၍ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနကလည်း ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 17, 2022