Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ဇူလိုင်၂၀ရက်မတိုင်ခင် နှုတ်ထွက်ရန် တိုင်း(ပကဖ)ညွှန်ကြားထား

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက် ယန္တရားတွင်ကိုယ်တိုင် ကာယကံမြောက် ပါဝင်ပါက ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ကိုင်းတိုင်း
ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအားလုံး ချက်ချင်းနှုတ်ထွက်ရန် ညွှန်ကြားချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ကိုင်းတိုင်းက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့အုပ်ချုပ်ရေး အာဏာကို ထူထောင်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်း အတွင်း ကျေးရွာ၊ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်လျက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင်လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ဇူလိုင် ၁၀ရက်မှစ၍ ၁၀ရက်အတွင်း ရာထူးတာဝန်မှ စွန့်ခွာကြရန်နှင့် တာဝန်ကျရာ နယ်မြေမှ စွန့်ခွာကြရန် စစ်ကိုင်းတိုင်း(ပကဖ)က ညွှန်ကြားသည်။

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက် ယန္တရားတွင်ကိုယ်တိုင် ကာယကံမြောက် ပါဝင်ပါက ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကိုင်းတိုင်း (ပကဖ)၏ ညွှန်ကြားချက်အတိုင်းခရိုင်အသီးသီးရှိ ပကဖများကလည်း ညွှန်ကြား ချက်များ ထပ်ဆင့်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။