Connect with us

Hi, what are you looking for?

သတင်း

ကောလင်းခရိုင်(ပကဖ)ကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ မနက်ဖြန်နောက်ဆုံးထားနှုတ်ထွက်ရန် ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးလျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)
ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင်လျက်ရှိသည့်အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ဇူလိုင် ၁၅ရက်နောက်ဆုံးထား၍ ရာထူးတာဝန်မှ စွန့်ခွာကြရန် ၊တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန်ညွှန်ကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကြေညာထားသည်။

ဇူလိုင် ၇ရက် နေ့စွဲပါ အဆိုပါ ကြေညာချက်ကို Kawlin Revolution က ယနေ့ တွင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကိုင်းတိုင်း၌ ကောလင်းအပါအဝင် ခရိုင် ၈ခုက ၎င်းတို့ နယ်မြေအတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် သတိပေးကြေညာထားသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးလျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက အကြမ်းဖက် ယန္တရားတွင် ကိုယ်တိုင် ကာယကံမြောက် ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲဥပဒေ များနှင့်အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည့် ခရိုင်အားလုံးက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ချက်ချင်းနှုတ်ထွက်ရန် ညွှန်ကြားခဲ့သည့် ခရိုင်များမှာ စစ်ကိုင်း၊ မုံရွာ၊ ခန္တီး၊ မော်လိုက်၊ တမူး၊ ကောလင်း ၊ ကသာ၊ ရွှေဘိုစသည့် ခရိုင်များ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။