Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းခရိုင်(ပကဖ)ကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ မနက်ဖြန်နောက်ဆုံးထားနှုတ်ထွက်ရန် ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးလျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)
ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင်လျက်ရှိသည့်အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ဇူလိုင် ၁၅ရက်နောက်ဆုံးထား၍ ရာထူးတာဝန်မှ စွန့်ခွာကြရန် ၊တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန်ညွှန်ကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကြေညာထားသည်။

ဇူလိုင် ၇ရက် နေ့စွဲပါ အဆိုပါ ကြေညာချက်ကို Kawlin Revolution က ယနေ့ တွင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကိုင်းတိုင်း၌ ကောလင်းအပါအဝင် ခရိုင် ၈ခုက ၎င်းတို့ နယ်မြေအတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် သတိပေးကြေညာထားသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးလျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက အကြမ်းဖက် ယန္တရားတွင် ကိုယ်တိုင် ကာယကံမြောက် ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲဥပဒေ များနှင့်အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည့် ခရိုင်အားလုံးက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ချက်ချင်းနှုတ်ထွက်ရန် ညွှန်ကြားခဲ့သည့် ခရိုင်များမှာ စစ်ကိုင်း၊ မုံရွာ၊ ခန္တီး၊ မော်လိုက်၊ တမူး၊ ကောလင်း ၊ ကသာ၊ ရွှေဘိုစသည့် ခရိုင်များ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။