Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် ရွှေဘိုခရိုင်တို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခရိုင် PDFတပ်ဖွဲ့များ အသိပေး

“အခုလက်ရှိက မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေလဲ CDM ပါပဲ။ NUG အုပ်ချုပ်ရေး(ပြည်သူ့အုပ်ချုပ်ရေးယန္တရား) ကောင်း ကောင်းလည်ပတ်နိုင်နေပါပြီ”ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

စစ်ကိုင်းခရိုင် PDF
စစ်ကိုင်းခရိုင် PDF

စစ်ကိုင်းနှင့် ရွှေဘိုခရိုင်တို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ရက်အတွင်း ရာထွက်မှနှုတ်ထွက်ရန် ခရိုင် PDFတပ်ဖွဲ့များက အသိပေးချက်များ ထုတ်ပြန်လိုက်သည်။

အဆိုပါအသိပေးချက်များကို ဇူလိုင် ၁၁ရက်နေ့ရက်စွဲဖြင့် သက်ဆိုင်ရာ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုအသိပေးချက်အား မြို့နယ်များသို့ ယခုရက်ပိုင်းတွင် ညွှန်ကြားလာခြင်းဖြစ်ကြောင်း မြို့နယ်(ပကဖ)များက ပြောသည်။

ထုတ်ပြန်ချက်များအရ အကြုံးဝင်သော ခရိုင်အလိုက်မြို့နယ်များတွင် စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်များပါဝင်ပြီး ရွှေဘိုခရိုင်အတွင်း ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေးဦး၊ ဒီပဲယင်းနှင့် တန့်ဆည်မြို့နယ်များ ပါဝင်သည်။

ရွှေဘိုခရိုင် PDF
ရွှေဘိုခရိုင် PDF

စစ်ကောင်စီလက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင်နေကြသော ကျေးရွာ၊ ရပ်ကွက်၊ မြို့ နယ်နှင့် ခရိုင်အဆင့်ဆင့်မှ အုပ်ချုပ်ရေးမှူးများသည့် အသိပေးချက်ထုတ်ပြန်သည့်နေ့မှ ၁၀ရက်အတွင်း ရာထူး၊ တာဝန်များမှ နှုတ်ထွက်ကြရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အကယ်၍ ညွှန်ကြားချက်အား လိုက်နာခြင်းမရှိပါက အ ကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက် ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက်ဖျက် ဆီးသူများဟုမှတ်ယူပြီး အကြမ်းဖက်မှုတိုက်ထျက်ရေးဥပဒေအပါအဝင်တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟု ဆိုသည်။

အထက်ပါခရိုင်နှစ်ခုတွင် မြို့နယ်ခြောက်မြို့နယ်ဖြင့် စစ်ကိုင်းတိုင်းရှိ ခရိုင်အသီးသီးအနက် မြို့နယ်အများဆုံးခရိုင်ဖြစ်သော ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌မူ ပျူစောထီးအားကောင်းသည့် ကျွန်းလည်၊ ကဘဲ၊ ဘေးရင်းစသည့် ကျေးရွာသုံးရွာတွင်သာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကျန်ရှိနေသည်ဟု တန့်ဆည်ထောက်ပို့တပ် TSO ထံမှသိရသည်။

“အခုလက်ရှိက မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေလဲ CDM ပါပဲ။ NUG အုပ်ချုပ်ရေး(ပြည်သူ့အုပ်ချုပ်ရေးယန္တရား) ကောင်း ကောင်းလည်ပတ်နိုင်နေပါပြီ”ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

လက်ရှိအခြေအနေတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NUG အစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးယန္တရားအသက်သွင်းလျှက်ရှိရာ မုံရွာ၊ ခန္တီးနှင့် ကလေးခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် အသိပေးကြေညာပြီး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်