Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှုတ်ထွက်ဖို့ စစ်ကိုင်းတိုင်းက ခရိုင်အားလုံး နီးပါး ညွှန်ကြား

ညွှန်ကြားချက်ကို မလိုက်နာပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူ မည်ဟု သတိပေးထားသည်။

စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွင်း သက်ဆိုင်ရာခရိုင်များရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး များအားလုံး နှုတ်ထွက်ကြဖို့ ညွှန်ကြားချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သက်ဆိုင်ရာ ခရိုင်အလိုက် ကြေညာချက်ထုတ်ပြန်သည်။

ဇူလိုင် ၁၀ရက်မှစ၍ ထိုသို့ ကြေညာခဲ့ရာ ခန္တီး၊ တမူး၊ မော်လိုက်၊ မုံရွာ၊ ကသာ၊ စစ်ကိုင်း၊ ရွှေဘို စသည့် ခရိုင်များက ကြေညာချက်ထုတ်ပြန်ထားသည်ကို တွေ့ရပြီး ကျန်နေသည့် ခရိုင်အချို့က ထုတ်ပြန်ထားခြင်းရှိ၊မရှိကို စုံစမ်းနေ ဆဲဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးကို ခရိုင် (၁၁)ခုဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိတွင် ခရိုင် ခုနစ်က ညွန်ကြားချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရ သည်။

ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်ရာတွင် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့အုပ်ချုပ်ရေး အာဏာကို ထူထောင်နေပြီဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင် အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်လျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထား သည်။

ထို့ပြင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တရားမဝင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန် ယူနေသူအားလုံး နှုတ်ထွက်ပြီး ညွှန်ကြားသည့် နေ့မှစ၍ ၁၀ရက်အတွင်း ရာထူးတာဝန်မှ စွန့်ခွာရန်၊ မိမိကျရာနယ်မြေမှ စွန့်ခွာရန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ညွှန်ကြားချက်ကို မလိုက်နာပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူ မည်ဟု သတိပေးထားသည်။

စစ်ကိုင်းတိုင်းရှိ နေရာအတော်များများသည် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားနိုင်ပြီဖြစ်ပြီး အချို့ဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရက အခွန်ကောက်ခြင်း၊ ကျောင်းဖွင့်ခြင်း အပါအဝင် အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင် နေပြီဟု ဒေသတာဝန်ရှိသူ အချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook