သတင်း ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၆ဦးဒဏ်ရာရ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ LuduNwayOoဇွန် 4, 2023
သတင်း ထားဝယ်မြိုနယ်တွင်စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးပစ်ခတ်၍ပြည်သူတစ်ဦးသေဆုံး၊ နေအိမ် ၁၁ လုံးမီးလောင် စစ်ကောင်စီတပ်သည်ထားဝယ်မြို့နယ်အတွင်းယခုရက်ပိုင်း အင်းအားတို့ချဲ့ခြင်း၊ ပြည်သူများအား အကြောင့်မဲ့ဖမ်းဆီးခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများအားမကြာခဏပြုလုပ်နေကြောင်း ဒေသခံနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။ LuduNwayOoဇွန် 4, 2023
သတင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ မိုးဗြဲတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာသော ပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးဂရုပြုကြရန် မိုးဗြဲ PDFက တိုက်တွန်းသည်။ LuduNwayOoဇွန် 3, 2023
သတင်း လေကြောင်းရန်ကာကွယ်ရေးတပ်မှဒုဗိုလ်မှူးကြီးရဲနိုင် အရပ်ဝတ်ဖြင့်ဆိုင်ကယ်စီးစဥ် ပစ်ခတ်ခံရ၍သေဆုံး ပြီးခဲ့သည့် မတ်လအတွင်းက တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အခြေစိုက်ရာ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းသို့ စစ်တပ်မှ ဒရုန်းဖြင့်ဗုံးသီးလာကြဲရာ PDF တပ်ဖွဲ့များက စစ်တပ်ဒရုန်းကိုပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်။ LuduNwayOoဇွန် 1, 2023
သတင်း ခလရ ၂၇၄ ဒုတပ်ရင်းမှူးကို စစ်တပ်မှရသောစနိုက်ပါဖြင့်ပစ်ခတ်ခဲ့ဟု မင်းတပ်CDFစစ်ဒေသမှူးပြော ဂေါက်ကွင်းတိုက်ပွဲမှာ စစ်တပ်အာဏာသိမ်းစတွင် မင်းတပ် CDF ရဲဘော်များ၏ တူမီးသေနတ်များဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် ၆စီး မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ် အများအပြား သေဆုံးထိခိုက်ရှိခဲ့သည့် ထင်းရှားသည့်တိုက်ပွဲဖြစ်သည်။ LuduNwayOoဇွန် 1, 2023
သတင်း ကနီမြို့နယ်တွင် စစ်တပ်ကစာသင်ကျောင်းကို Mi-35 ဖြင့်ပစ်ခတ်၍ ကလေးနှစ်ဦး ဒဏ်ရာရ စစ်ကောင်စီတပ်သည် မေလ ၂၉ရက်ကလည်း ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို လေကြောင်းမှ ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ LuduNwayOoမေ 31, 2023
သတင်း စစ်တပ်ထောက်ခံသူ၊ မဘသအဖွဲ့ဝင်နှင့်အဆိုတော် ဒေါ်လီလီနိုင်ကျော် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး ယနေ့ည ၇ နာရီဝန်းကျင်တွင် ဒေါ်လီလီနိုင်ကျော်သည် ရန်ကင်းမြို့နယ်ရှိ ၎င်း၏နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ဆေးရုံ၌ အရေးပေါ်ကုသမှု ခံယူနေစဥ် သေဆုံးခဲ့ကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။ LuduNwayOoမေ 31, 2023
သတင်း ကျုံဒိုးတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ သုံးဦးထပ်မံဒဏ်ရာရ မေလ ၂၅ရက်ကလည်း ကျိုက်ဒုံရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ကျိုက်ဒုံမြို့ အမှတ်(၁)ရပ်ကွပ်မှ အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ (၈)နှစ်အရွယ်က လေးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။ LuduNwayOoမေ 30, 2023
သတင်း စစ်ကောင်စီက မြို့၊ရွာများသို့ လက်နက်ကြီးများပစ်ခတ်ပြီး တော်လှန်ရေးတပ်များလုပ်သည်ဟု ဝါဒဖြန့်ဟု KNU အသိပေး စစ်ကောင်စီတပ်သည် KNUနယ်မြေများရှိ ကျေးရွာများအတွင်းလက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ LuduNwayOoမေ 29, 2023
သတင်း မန္တလေးတောင်ခြေ အနီးက စစ်ကောင်စီတပ် ဗုံးသီးနဲ့ ပစ်ခတ်ခံရ ဗုံးသီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် အဖွဲ့ဝင်တွေ ဘေးကင်းစွာနဲ့ပြန်ဆုတ်လာနိုင်တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုထားပါတယ်။ LuduNwayOoမေ 27, 2023