Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့၊ ရှုခင်းသာရွာတွင်စာသင်ကျောင်းဖွင့်လှစ်ရန် အစည်းအဝေးပြုနေစဉ် စစ်ကောင်စီရဟတ်ယာဉ်ဖြင့် ပစ်ခတ်

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ဖေဖော်ဝါရီလမှ ၂၀၂၃ ဧပြီလကုန်အထိ နှစ်နှစ်ကျော်အတွင်း နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၆၃၀ကျော်သေဆုံးခဲ့သည်။

(စစ်တပ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခံရ​သော​ကျောင်း နှင့် လက်နက်ကြီးအစိတ်အပိုင်း အချို့ ။ဓါတ်ပုံ-CJ)
(စစ်တပ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခံရ​သော​ကျောင်း နှင့် လက်နက်ကြီးအစိတ်အပိုင်း အချို့ ။ဓါတ်ပုံ-CJ)

ကလေးမြို့၊ ရှုခင်းသာရွာတွင်စာသင်ကျောင်းဖွင့်လှစ်ရန် အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်က ယ​နေ့(ဇွန် ၅ရက် )နံနက် ၁၀ နာရီတွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းတာဝန်ခံ)ကပြောသည်။

စာသင်ကျောင်းဖွင့်လှစ်နိုင်ရန်NUG မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ကျေးရွာ၊ ရပ်မိရပ်ဖများနှင့်အနီးနားရှိကျေးရွာမှ ပြည်သူများ စုပေါင်းပြီး အစည်းအဝေးပြုလုပ်နေစဉ် ဇွန် ၅ ရက်၊ မနက် ၁၀ နာရီတွင်ရဟတ်ယာဉ်ဖြင့်ကျောင်းဝန်းကျင်ကို ဗုံးကျဲပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်တပ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခံရ​သော​ကျောင်း နှင့် လက်နက်ကြီးအစိတ်အပိုင်း အချို့ ။ဓါတ်ပုံ-CJ)
(စစ်တပ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခံရ​သော​ကျောင်း နှင့် လက်နက်ကြီးအစိတ်အပိုင်း အချို့ ။ဓါတ်ပုံ-CJ)

“ဒါတော့ တော်တော်ဆိုးတယ်၊ သူတိုမှာလည်း သားသမီးရှိတယ်လေနော်၊ ခွေးတွေ (စစ်ကောင်စီတပ်သားတွေ) က ကိုယ်ချင်းစာစိတ်လုံး၀မရှိဘူး၊ နောက်ပြီး ကလေးတွေဆိုတာ ဘယ်အစိုးရတက်တက် နိုင်ငံရဲ့ ရတနာတွေဖြစ်တယ်၊ သူတိုကလေးကို ကျတော်တို သွားထိလိုက်ရင် သူတို့ရော ဘယ်လိုခံစားမလဲပေါ့၊”ဟု အထက်ပါတာဝန်ခံကPeople’s Spring ကပြောသည်။

ထိုသို့ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ခြင်းကြောင့် တစ်ယောက်သေဆုံးပြီးဒဏ်ရာရသူများ​ကြောင်း ဒေသခံများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

“ရှို့ခင်းသာက ကျောင်း၀န်းကို တည်ပစ်တော့ ဒါဏ်ရာများမယ်တဲ့”ဟု အထက်ချင်းတွင်းတာဝန်ခံကပြောသည်။

Public Service Announcement
Public Service Announcement

ထိုအပြင်စစ်တပ်က လက်ပံ​ချောင်းရွာကိုလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ရှုခင်းသာရွာသည်ကလေးမြို့နယ်၊မြောက်ပိုင်း လက်ပံချောင်းရွာအနီး ကလေး-ရာဇဂြိုလ် ကားလမ်းဘေးတွင်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ဖေဖော်ဝါရီလမှ ၂၀၂၃ ဧပြီလကုန်အထိ နှစ်နှစ်ကျော်အတွင်း နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၆၃၀ကျော်သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Facebook