Connect with us

Hi, what are you looking for?

သတင်း

ခလရ ၂၇၄ ဒုတပ်ရင်းမှူးကို စစ်တပ်မှရ​သောစနိုက်ပါဖြင့်ပစ်ခတ်ခဲ့ဟု မင်းတပ်CDFစစ်ဒေသမှူး​ပြော

ဂေါက်ကွင်းတိုက်ပွဲမှာ စစ်တပ်အာဏာသိမ်းစတွင် မင်းတပ် CDF ရဲဘော်များ၏ တူမီးသေနတ်များဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် ၆စီး မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ် အများအပြား သေဆုံးထိခိုက်ရှိခဲ့သည့် ထင်းရှားသည့်တိုက်ပွဲဖြစ်သည်။

((ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)
((ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)

▪︎ဒုတပ်ရင်းမှူးအပါအဝင်စစ်တပ်မှ သေဆုံးမှုများဟုဆို

မင်းတပ်မြို့နယ် ထင်ချောင်းရွာအနီးရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးထိခိုက်များပြားခဲ့ကြောင်း မင်းတပ် CDF စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က ပြောသည်။

မင်းတပ် တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး သေဆုံးသည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ စစ်ဒေသမှူးက အတည်ပြုပေးခြင်းဖြစ်သည်။

((ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)
((ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)

“တပ်တွင်းကနေ ပြောတာပဲ။ မနေ့က ကျနော်တို့ တပ်ခွဲတစ်ခွဲကနေ အနောက်ကနေ ဝင်ပစ်တာ။ အကျအဆုံးတော့ များမယ်။ ဘယ်နှစ်ယောက်ဆိုတာ အတည်မပြုနိုင်ဘူးလို့ပဲကျနော့်ဆီ သတင်းပို့တယ်။ တပ်ခွဲမှာ စနိုက်ပါတော့ ၃လက်ပါသွားတယ်။ MAS2 တစ်လက်နဲ့ အခြားအမျိုးအစားစနိုက်ပါတွေ၊ MAS2 က အရင် ကျနော်တို့ ဒုစစ်ချုပ်ကိုင်ခဲ့တာ။ ဂေါက်ကွင်းက စစ်ကားတန်းသိမ်းတုန်းကရခဲ့တဲ့စနိုက်ပါ။” ဟု ဆလိုင်းနိုင်းတမ်က ပြောသည်။

ဂေါက်ကွင်းတိုက်ပွဲမှာ စစ်တပ်အာဏာသိမ်းစတွင် မင်းတပ် CDF ရဲဘော်များ၏ တူမီးသေနတ်များဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် ၆စီး မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ် အများအပြား သေဆုံးထိခိုက်ရှိခဲ့သည့် ထင်းရှားသည့်တိုက်ပွဲဖြစ်သည်။

Public Service Announcement

Public Service Announcement

((ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)
((ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)

မင်းတပ်မြို့နယ်မှ အင်အား ၂၀၀ခန့်ရှိစစ်ကြောင်းသည် မင်းတပ်မှ ကျောက်ထုဘက်သို့ တောလမ်းအတိုင်းဆင်းလာ၍ မင်းတပ် CDFနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ မေလ ၂၉ရက်မှစ၍ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ မေလ ၂၈ရက်ကလည်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ပြီး CDF ရဲဘော်အချို့လည်း ဒဏ်ရာရခဲ့သည်။

စစ်ရေးအခြေအနေများကြောင့် ဒေသတွင်း ပြည်သူများ သွားလာနေထိုင်မှု သတိပြုရန် မင်းတပ် CDF စစ်ဒေသမှူးက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။