Connect with us

Hi, what are you looking for?

သတင်း

အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး တစ်ပတ်အကြာမှာ သေဆုံး

သေဆုံးသွားတဲ့သတင်းကို အဆိုတော်လီလီနိုင်ကျော်ရဲ့ ဖေ့ဘွတ်ခ်ကနေ အသိပေးထားတာတွေ့ရပါတယ်။ စစ်ဆေးရုံမှာပဲ မနက် ၅ နာရီဝန်းကျင်က သေဆုံးသွားတာပါ။

အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး တစ်ပတ်အကြာမှာ သေဆုံး
အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး တစ်ပတ်အကြာမှာ သေဆုံး

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အဆိုတော်လီလီနိုင်ကျော်ဟာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသမှုခံယူနေရင်းတစ်ပတ်အကြာ ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့သတင်းကို အဆိုတော်လီလီနိုင်ကျော်ရဲ့ ဖေ့ဘွတ်ခ်ကနေ အသိပေးထားတာတွေ့ရပါတယ်။ စစ်ဆေးရုံမှာပဲ မနက် ၅ နာရီဝန်းကျင်က သေဆုံးသွားတာပါ။

စစ်တပ်ထောက်ခဲ့သူဖြစ်သလို တပ်ထောက်ခံပွဲတွေမှာ တက်တက်ကြွကြွပါဝင်သူ အဆိုတော် လီလီနိုင်ကျော်ဟာ မေလ ၁၀ ရက် ညပိုင်း ရန်ကုန်မြို့ ၊ရန်ကင်းမြို့နယ်ထဲက နေအိမ် အနီး ကားပေါ်မှာရှိနေချိန် ပစ်ခတ်ခံလိုက်ရတာပါ။

ပစ်ခတ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပေမယ့် စစ်ကောင်စီက အဲဒီသတင်းတွေကိုငြင်းဆိုပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသပေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို ကမာရွတ်မြို့နယ် ၊လှည်းတန်းကအဆောင်တစ်ခုမှာ မနေ့ကဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကို စစ်ကောင်စီသတင်းတွေကိုဖြန့်ဝေပေးနေတဲ့ လူမှုကွန်ရက်အကောင့်တွေမှာ တင်လာကြတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook