Connect with us

Hi, what are you looking for?

သတင်း

လေ​ကြောင်းရန်ကာကွယ်​ရေးတပ်မှဒုဗိုလ်မှူးကြီးရဲနိုင် အရပ်ဝတ်ဖြင့်ဆိုင်ကယ်စီးစဥ် ပစ်ခတ်ခံရ၍​သေဆုံး

ပြီးခဲ့သည့် မတ်လအတွင်းက တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အခြေစိုက်ရာ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းသို့ စစ်တပ်မှ ဒရုန်းဖြင့်ဗုံးသီးလာကြဲရာ PDF တပ်ဖွဲ့များက စစ်တပ်ဒရုန်းကိုပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်။

တောင်ငူအခြေစိုက် အမှတ်(၁၀၁၅)လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်အား တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ (ရေတာရှည်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့)က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဇွန် ၁)ထုတ်ပြန်သည်။

ယမန်နေ့(မေ ၃၁)ညနေ ၅ နာရီခွဲက အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးထွက်လာသော ဒုဗိုလ်မှူးကြီးရဲနိုင်အား အမြန်လမ်း ၁၅၄ မိုင်း ၈ ဖာလုံ၌ PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ မှရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၁၀၁၅) တောင် ငူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ထောက်လှမ်းရေးမှူး ဒုဗိုလ်မှူးကြီးရဲနိုင်သည် တော်လှန် ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက် လှမ်း၍ အရပ်ဝတ်ဖြင့် သွားလာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ပစ်ခတ်ရှင်းလင်းပြီးနောက် ဒုဗိုလ်မှူးကြီးရဲနိုင်မှာသေဆုံးသွားပြီး ၎င်း စီးနင်းလာသော ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးစစ်ဒေသခွဲက အသိပေးသည်။သိမ်းဆည်းရရှိသည်ဆို​သော ဆိုင်ကယ်နှင့် ဖုန်းပုံကိုပါထုတ်ပြန်ထားသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်ပြီး စစ်ရေးတိုက်ခိုက်မှုပြုလုပ်ခဲ့သော တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ ရေတာရှည်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံ People’s Spring က ဆက်သွယ်ထားသော်လည်းအဆက်အသွယ်မရသေးပေ။

ပြီးခဲ့သည့် မတ်လအတွင်းက တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အခြေစိုက်ရာ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းသို့ စစ်တပ်မှ ဒရုန်းဖြင့်ဗုံးသီးလာကြဲရာ PDF တပ်ဖွဲ့များက စစ်တပ်ဒရုန်းကိုပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။