Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်​ထောက်ခံသူ၊ မဘသအဖွဲ့ဝင်နှင့်အဆို​တော် ဒေါ်လီလီနိုင်ကျော် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

ယနေ့ည ၇ နာရီဝန်းကျင်တွင် ဒေါ်လီလီနိုင်ကျော်သည် ရန်ကင်းမြို့နယ်ရှိ ၎င်း၏နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ဆေးရုံ၌ အရေးပေါ်ကုသမှု ခံယူနေစဥ် သေဆုံးခဲ့ကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောသည်။

(စစ်​ကောင်စီ၏ စစ်​ရေးပြအခမ်းအနားတက်​ရောက်ရင်းစစ်​ကောင်စီ​ပြောခွင့်ရပုဂ္ဂိုလ်အပါအဝင်စစ်တပ်​ထောက်ခံသူများနှင့် ဓါတ်ပုံရိုက်ကူးခဲ့​စဥ်နှင့်စစ်သားများကို ရိက္ခာ​ဝေ​နေ​သော လီလီ​ကျော်နိုင်။ ဓာတ်ပုံ -လီလီ​ကျော်နိုင်ဖေစ်ဘွခ်)
(စစ်​ကောင်စီ၏ စစ်​ရေးပြအခမ်းအနားတက်​ရောက်ရင်းစစ်​ကောင်စီ​ပြောခွင့်ရပုဂ္ဂိုလ်အပါအဝင်စစ်တပ်​ထောက်ခံသူများနှင့် ဓါတ်ပုံရိုက်ကူးခဲ့​စဥ်နှင့်စစ်သားများကို ရိက္ခာ​ဝေ​နေ​သော လီလီ​ကျော်နိုင်။ ဓာတ်ပုံ -လီလီ​ကျော်နိုင်ဖေစ်ဘွခ်)

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် စစ်တပ်​ထောက်ခံသူ ၊ မဘသအဖွဲ့ဝင် ၊အဆို​တော် ဒေါ်လီလီနိုင်ကျော် ယနေ့ (မေလ ၃၀) ညပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံအချို့က​ပြောသည်။

ယနေ့ည ၇ နာရီဝန်းကျင်တွင် ဒေါ်လီလီနိုင်ကျော်သည် ရန်ကင်းမြို့နယ်ရှိ ၎င်း၏နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ဆေးရုံ၌ အရေးပေါ်ကုသမှု ခံယူနေစဥ် သေဆုံးခဲ့ကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောသည်။

“သူ့အိမ်ကို ပြန်လာတဲ့အချိန် အိမ်ရှေ့ကနေ သေနတ်နဲ့ စောင့်ပစ်ခံရတာလို့ သိရတယ်။ မျက်နှာနဲ့ နားထင်ကို သေနတ်မှန်သွားတာပါ။ အခြေအနေက တော်တော်ဆိုးပါတယ်။ အခုဆေးရုံကို ပို့ပြီး အရေးပေါ်မှာ ကုသနေတုန်း သေသွားပြီလို့ သိရတယ် ” ဟု ၎င်းက ဆက်​ပြောသည်။

ဒေါ်လီလီနိုင်ကျော်သည် အမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်​သော မဘသအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၊စစ်တပ်အားအမာခံ ထောက်ခံသူ ဖြစ်ကာ တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်အလက်များကိုလည်း စစ်တပ်ထံ သတင်းပေးတိုင်ကြားနေသူဖြစ်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ကို မျက်နှာကို တည်ပစ်သွားတာ။ ကျည်က မေးရိုးကို ဖောက်ဝင်သွားတယ်တဲ့။အခု သူတို့အိမ်မှာ လူတွေအများကြီးရောက်နေတယ်” ဟု ပြည်သူတစ်ဦးကလည်းပြောသည်။

ကား​ပေါ်မှ ဆင်းရန်ပြင်ဆင်​နေစဥ် အနီးကပ် ပစ်ခတ်ခံရခြင်းဖြစ်​ကြောင်းသိရသည်။

​သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခံရရာ တစ်ချက်က ချက်​ကောင်းကိုထိသွားခြင်းဖြစ်​ကြောင်း သိရသည်။

“စခတွေဘက်ကသတိပြန်လည်ပြီလို့ရေးနေပေမယ့် ည ကိုးနာရီမထိုးခင်သိရတာက သေပြီလို့ကြားတယ်” ဟု ဒေသခံသတင်းများဖော်ပြပေးနေသည့် အဖွဲ့တစ်ဖွဲ့ကလည်းပြောသည်။

မဘသလှုပ်ရှားမှုများတွင် ကိုယ်တိုင်ပါဝင်သူဖြစ်သည့်အပြင် စစ်တပ်ထိပ်ပိုင်းအရာရှိအချို့နှင့်နီးစပ်သူလည်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးစက စစ်​ကောင်စီက CNN သတင်းဌာနကိုဖိတ်​ခေါ်၍ ပြည်တွင်းသတင်းယူခွင့်​ပေးရာတွင် ​ဒေါ်လီလီ​ကျော်နိုင်ကို သာမာန်ပြည်သူဟုဆိုကာစစ်​ကောင်စီက CNN သတင်း​ထောက်ကို အင်တာဗျူးစီစဥ်​ပေးခဲ့​သေးသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့် အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း လူထုနွေဦးအနေဖြင့် အတည်မပြုနိုင်သေးပေ။

၎င်းသည် စစ်တပ်ထောက်ခံသည့် အနုပညာရှင်များအနက် ပထမဆုံးအသက်သေဆုံးသည်အထိ တိုက်ခိုက်ခံရသူဖြစ်လာသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရန်ကင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီကားများ လှည့်လည်စစ်ဆေးနေပြီး ယနေ့ညပိုင်း၌ ဧည့်စာရင်း သတိပြုကြရန်လည်း ရပ်ကွက်နေပြည်သူအချို့က ​ပြောသည်။

” ဒေါ်လီလီနိုင်ကျော် ကိစ္စ ဖြစ်ပြီးတော့ ရပ်ကွက်ထဲမှာ စစ်ကားတွေ တောက်လျှောက်ပတ်နေတယ်။ ဒီည ဧည့်စာရင်း စစ်မယ်လို့လည်း ကြားပါတယ်။ လမ်းထဲက ကလေးတွေကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ဖို့ သတိပေးထားတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

​မေ ၂၆ ရက်ကလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မဘသအဖွဲ့ဝင် ဦးတင့်လွင်ဆိုသူ သေ နတ်ဖြင့်ပစ်ခံရ၍ သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။