ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းကို ယနေ့ (မေလ ၃၁) နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 ဖြင့် ပစ်ခတ်ရာ ကလေးငယ်နှစ်ဦး ဒဏ်ရာရသွားကြောင်းသိရသည်။
“တိုက်ပွဲမရှိဘဲလာပစ်တာ။ ကလေးငယ်နှစ်ယောက်ထိထားတယ်လို့ကြားတယ်” ဟု ကနီမြို့အခြေစိုက် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။
စစ်ကောင်စီ ၏တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 တစ်စင်းသည် မုံရွာမြို့ ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာပြီး ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်ကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ကလေးငယ် နှစ်ဦး၏ ဒဏ်ရာအခြေအနေနှင့် အသေးစိပ်အချက်အလက်များကို ဖုန်းလိုင်းများဖြတ်ထား၍မသိရသေးဘဲ People’s Spring ကစုံစမ်းနေဆဲဖြစ်ပါသည်။
ပေါက်အင်းမြိုင် ကျေးရွာသည် ကနီမြို့နယ် မုံရွာ-ယာကြီးကာလမ်း မိုင်တိုင် ၂၇ အနီးတွင်းတည်ရှိသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် မေလ ၂၉ရက်ကလည်း ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို လေကြောင်းမှ ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။
