Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် စစ်တပ်ကစာသင်​​ကျောင်းကို Mi-35 ဖြင့်ပစ်ခတ်၍ က​လေးနှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သည် မေလ ၂၉ရက်ကလည်း ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို လေကြောင်းမှ ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

(​မေလအတွင်းကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်​ကောင်စီကာတိုက်ခိုက်​ရေးရဟတ်ယာဥ် အသုံးပြုခဲ့စဥ်။ ဓါတ်ပုံ-KNDF)
(​မေလအတွင်းကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်​ကောင်စီကာတိုက်ခိုက်​ရေးရဟတ်ယာဥ် အသုံးပြုခဲ့စဥ်။ ဓါတ်ပုံ-KNDF)

ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းကို ယနေ့ (မေလ ၃၁) နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 ဖြင့် ပစ်ခတ်ရာ ကလေးငယ်နှစ်ဦး ဒဏ်ရာရသွားကြောင်းသိရသည်။

“တိုက်ပွဲမရှိဘဲလာပစ်တာ။ ကလေးငယ်နှစ်‌ယောက်ထိထားတယ်လို့ကြားတယ်” ဟု ကနီမြို့အခြေစိုက် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီ ၏တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 တစ်စင်းသည် မုံရွာမြို့ ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာပြီး ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်ကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

​က​လေးငယ် နှစ်ဦး၏ ဒဏ်ရာအ​ခြေအ​နေနှင့် အ​သေးစိပ်အချက်အလက်များကို ဖုန်းလိုင်းများဖြတ်ထား၍မသိရ​သေးဘဲ People’s Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

ပေါက်အင်းမြိုင် ကျေးရွာသည် ကနီမြို့နယ် မုံရွာ-ယာကြီးကာလမ်း မိုင်တိုင် ၂၇ အနီးတွင်းတည်ရှိသည်။

စစ်ကောင်စီတပ်သည် မေလ ၂၉ရက်ကလည်း ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို လေကြောင်းမှ ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။