Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၆ဦးဒဏ်ရာရ

KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

(ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စိတပ်သားများအား ၂၀၂၂က တွေ့ရစဥ်။ ဓာတ်ပုံ - Thoo Lei News)
(ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စိတပ်သားများအား ၂၀၂၂က တွေ့ရစဥ်။ ဓာတ်ပုံ - Thoo Lei News)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား ၆ဦး ဒဏ်ရာရခဲ့ကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။

မေလ ၃၁ရက်ညပိုင်းက စစ်ကောင်စီ၏ ကျိုက်ထိုအခြေစိုက်(တပ်မ၄၄)လက်အောက်ခံ (ခလရ-၂)မှ လက်နက်ကြီးပစ်ခတ်ခဲ့၍ လှည်းလမ်းကူးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်ခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် ကလေးငယ်သုံးဦးပါဝင်ကြောင်း ဖော်ပြထားသည်။လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သူများအား ကျိုက်ထိုဆေးရုံသို့ ကနဦး ပို့ဆောင်ထားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ဒေသတွင်း စစ်ရေးအခြေအနေနှင့် စစ်ကောင်စီတပ်၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KNU တပ်မဟာ(၁)တာဝန်ရှိသူ အချို့ထံ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

Public Service Announcement

Public Service Announcement

ကျိုက်ထိုအခြေစိုက် (တပ်မ-၄၄)လက်အောက်ခံတပ်များမှ ကျိုက်ထိုမြို့နယ်အတွင်းသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထုများမှာ နေ့ရောညပါ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုနှင့်ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုများ ၊ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း၊ စစ်ကောင်စီတပ်များမှ လူ့အခွင့်ရေးကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း KNUက ထုတ်ပြန်သည်။

KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။