Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူခြောက်ဦး သေဆုံး

လက်နက်ကြီး ပစ်ခတ်မှုအကြိမ်(၁၀၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူခြောက်ဦး သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

(မိုးဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ နေအိမ်ပျက်စီးသွားသည်ကို ငေးကြည့်နေသော ကလေးငယ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF - 3)
(မိုးဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ နေအိမ်ပျက်စီးသွားသည်ကို ငေးကြည့်နေသော ကလေးငယ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF - 3)

မိုးဗြဲမြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီအမြောက် တပ်က ရပ်ကွက်များကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူခြောက် ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၃)က ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုအကြိမ်(၁၀၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူခြောက်ဦး သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

(၃)နှစ်ခွဲအရွယ်နှင့် (၁၂)နှစ်အရွယ်ကလေးငယ် နှစ်ဦး ပါဝင်ဟု ဆိုသည်။

လက်နက်ကြီးကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်း (၁၅) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကရင်နီပြည်အနှံ့ထိုးစစ်ဆင်မှုပြုလုပ် ရာတွင် လိုအပ်သော တပ်သားများ၊ လက်နက်ရိက္ခာများဖြည့်တင်းနိုင်ရန်အတွက် မိုးဗြဲလမ်းကြောင်းကို စစ်ကောင်စီက အပြည့်အဝထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း KNDF တပ်ရင်း(၃)က ပြောသည်။

“မြို့အဝင်အထွက် လမ်းတွေကို စကစဖက်ကပိတ်ထားတယ်။နောက်ပြီး ခမရ (၄၂၂)တပ်ထိပ်ကနေလည်း လမ်းပိတ်ထားပြီး ညောင်ဝိုင်းရပ်ကွက် ဖက်မှာ နေရာယူထားတုန်းပဲ။တိုက်ပွဲကတော့ အချိန်မရွေး ပြင်းထန်လာဖို့ရှိတယ်”ဟု မိုးဗြဲမြို့ခံစစ်ရေးသတင်းရေးရင်းမြစ်က ပြောသည်။

ယမန်နေ့က တနေကုန်နီးပါးကြာမြင့်ခဲ့သော မိုးဗြဲ တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ လက်နက်တစ်လက်ကို ကရင်နီတပ် ပေါင်းစုက သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် မေလ၂၃ရက်ကစ၍ ဇွန်လ ၄ရက်အထိ မိုးဗြဲကျေးရွာအုပ်စုနှင့် ရီလုံရီကန်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာအပေါ်တွင် နှစ်ကြိမ်၊ ထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာများတွင် နှစ်ကြိမ်နှင့် (ကယန်းပြည်သစ်)စစ်ဆေးရေးဂိတ်တွင် တစ်ကြိမ် စုစုပေါင်းငါးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ထို့ကြောင့် မိုးဗြဲမြို့တွင်းနေထိုင်သော ပြည်သူများအနေဖြင့် လုံခြုံစွာ သွားလာနေထိုင်ကြရန် KNDFက တိုက်တွန်းသည်။

ထို့အတူ တိုက်ပွဲအတွင်းလိုအပ်သော လက်နက်ခဲယမ်းများကို ပါဝင်ကူညီလိုပါက သက်ဆိုင်ရာထောက်ပို့ဆီမှသော်လည်းကောင်း ၎င်း၏ Page chatbox မှသော်လည်းကောင်း ဆက်သွယ်ပါဝင် နိုင်ကြောင်း KNDF တပ်ရင်း(၃)က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။