Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

မိုးဗြဲတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာသော ပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးဂရုပြုကြရန် မိုးဗြဲ PDFက တိုက်တွန်းသည်။

(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း မိုးဗြဲ PDFက ထုတ်ပြန်သည်။

ယနေ့(ဇွန် ၃ ရက်) နံနက် ၆နာရီခန့်တွင် မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်က မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကြောင့် ပွဲကုန်း(၂)ရပ်ကွက်နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ နေအိမ်ရှေ့ တံမျက်စည်းလှည်းနေစဥ် ကျည်စထိမှန်ကာ သေဆုံးခဲ့သည်။

(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

“ဘာတိုက်ပွဲမှ မရှိဘူး။အရပ်သားတွေ နေထိုင်တဲ့ မြို့တွင်းကို အကြောင်းမဲ့ပစ်တာ။အဲဒီလို လက်နက်ကြီးတွေနဲ့ပစ်တာ မနေ့ကကတည်းက။ဒီနေ့ တော့ သေဆုံးဒဏ်ရာရတာတွေ ရှိလာတာ”ဟု မိုးဗြဲမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့ လမ်းမကြီးဘေးတွင် စက်သုံးဆီရောင်းနေသော ဆီဆိုင်တစ်ဆိုင်မှာလည်း စစ်ကောင်စီ ၏ လက်နက်ကြီး​ကျရောက်ပေါက်ကွဲကာ မီးလောင်သွားခဲ့သည်။

Public Service Announcement
Public Service Announcement

ဆိုင်ကယ်ဆီလာထည့်နေသောပြည်သူ နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ်(၂)စီး မီးလောင်သွားခဲ့ရသည်။

မိုးဗြဲတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာသော ပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးဂရုပြုကြရန် မိုးဗြဲ PDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

‌ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။