Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

မိုးဗြဲတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာသော ပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးဂရုပြုကြရန် မိုးဗြဲ PDFက တိုက်တွန်းသည်။

(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း မိုးဗြဲ PDFက ထုတ်ပြန်သည်။

ယနေ့(ဇွန် ၃ ရက်) နံနက် ၆နာရီခန့်တွင် မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်က မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကြောင့် ပွဲကုန်း(၂)ရပ်ကွက်နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ နေအိမ်ရှေ့ တံမျက်စည်းလှည်းနေစဥ် ကျည်စထိမှန်ကာ သေဆုံးခဲ့သည်။

(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

“ဘာတိုက်ပွဲမှ မရှိဘူး။အရပ်သားတွေ နေထိုင်တဲ့ မြို့တွင်းကို အကြောင်းမဲ့ပစ်တာ။အဲဒီလို လက်နက်ကြီးတွေနဲ့ပစ်တာ မနေ့ကကတည်းက။ဒီနေ့ တော့ သေဆုံးဒဏ်ရာရတာတွေ ရှိလာတာ”ဟု မိုးဗြဲမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့ လမ်းမကြီးဘေးတွင် စက်သုံးဆီရောင်းနေသော ဆီဆိုင်တစ်ဆိုင်မှာလည်း စစ်ကောင်စီ ၏ လက်နက်ကြီး​ကျရောက်ပေါက်ကွဲကာ မီးလောင်သွားခဲ့သည်။

Public Service Announcement
Public Service Announcement

ဆိုင်ကယ်ဆီလာထည့်နေသောပြည်သူ နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ်(၂)စီး မီးလောင်သွားခဲ့ရသည်။

မိုးဗြဲတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာသော ပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးဂရုပြုကြရန် မိုးဗြဲ PDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook