သတင်း မိုးမောက်မြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ကလေးငယ် တစ်ဦးဒဏ်ရာရ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က မြို့သစ်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၃ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 24, 2026
သတင်း KIAထိန်းချုပ် မိုင်ဂျာယန်ဒေသကို စစ်တပ် ဗုံးကြဲလို့ အဘိုးအိုတစ်ဦး သေဆုံး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ဒေသ တစ်ခုဖြစ်တဲ့ မိုင်ဂျာယန်ဒေသကို စစ်တပ်က ဗုံးကြဲလို့ အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 24, 2026
သတင်း စစ်တပ်ကကျောက်တော် နဲ့ မြောက်ဦးဗုံးကြဲစစ်ရှောင်ပြည်သူ ၇ ဦးသေ၊၁၄ဦးထက်မနည်းဒဏ်ရာရ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို အာဏာသိမ်းစစ်တပ်က ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ရက်) ည ၉နာရီကျော်မှာ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၇ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်းဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 14, 2026
သတင်း ဖာပွန်နဲ့ မြဝတီက နေရာအချို့ စစ်ကောင်စီလေတပ်ဗုံးကြဲ ကရင်ပြည်နယ်ထဲကနေရာအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်အရပ်သားတွေထိခိုက်ပြီး နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိတယ်လို့ကရင်သတင်းရင်းမြစ် က ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း ထန်တလန်မြို့နယ် စစ်တပ် ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ (ဖေဖော်ဝါရီ ၁၀ရက်) နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးထိခိုက်မှုတွေ များပြားခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 11, 2026
သတင်း သံတွဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 9, 2026
သတင်း ချင်းတောင်ပိုင်းက မြို့နယ်သုံးခုကို စစ်ကောင်စီ ဗုံးကြဲ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 8, 2026
သတင်း ထားဝယ်မြို့နယ်က ဘုန်းကြီးကျောင်း စစ်တပ် ဗုံးကြဲလို့ သံဃာတစ်ပါး ဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ဟိန္ဒားရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ တစ်ပါး ထိခိုက်ခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 8, 2026
သတင်း မိုးမိတ်မြို့က စစ်ကောင်စီလက်နက် သိုလှောင်ရုံကို PDF ပူးပေါင်းတပ်တွေ ဗုံးကြဲဖျက်ဆီး ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ စစ်ကောင်စီလက်နက်ခဲယမ်းတွေ သိုလှောင်ထားတဲ့ အဆောက်အအုံကို PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း ဝိုင်းမော်မြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ပြည်သူတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 5, 2026