သတင်း စစ်တပ်က ဂွကို ဗုံးထပ်ကြဲလို့ ကလေးငယ်အပါအ၀င် ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ တိုက်ပွဲတွေမရှိတော့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ludunwayooဇူလိုင် 11, 2026
သတင်း ချင်းပြည်မှာ စစ်တပ်ဗုံးကြဲမှုတွေကြောင့် ဇွန်လအတွင်း အရပ်သား ၈ ဦးထက်မနည်းသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။ ludunwayooဇူလိုင် 11, 2026
သတင်း ဟုမ္မလင်းမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေ၊ အရပ်သားတွေရှိတဲ့ရွှေ တောကိုစစ်တပ် ဗုံးကြဲ ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ ludunwayooဇူလိုင် 10, 2026
သတင်း ဂွမြို့နယ်ကို စစ်တပ် ဗုံးထပ်ကြဲ၊ အရပ်သား ၆ ဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ ဂွမြို့အနီးဝန်းကျင်နဲ့ ကျိန္တလီမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ၂ရက်ဆက်ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြေပါတာယ်။ ludunwayooဇူလိုင် 9, 2026
နိုင်ငံတကာ ဟောမုဇ်နားမှာ အရပ်ဖက် ရေယာဉ်တွေ တိုက်ခိုက် ခံရတဲ့နောက် အီရန်မှာ အမေရိကန် ဗုံးကြဲ ဟောမုဇ် ရေလက်ကြား တဝိုက်မှာ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန် ပိုင်နက်ထဲက စစ်ရေးပစ်မှတ် တချို့ကို ဗုံးကြဲခဲ့ပါတယ်။ ludunwayooဇူလိုင် 8, 2026
သတင်း မင်းတပ်က တိုက်ပွဲမရှိတဲ့ကျေးရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူထိခိုက်မှုရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။ ludunwayooဇူလိုင် 8, 2026
သတင်း မောင်တောက AA ရဲ့စစ်သုံ့ပန်းစခန်းကို စစ်တပ်ဗုံးကြဲ ဗိုလ်ကြီးအပါအဝင် စစ်သားလေးဦးသေဆုံး စစ်တပ်ကနှစ်ရက်ဆက် လေယာဉ်အုပ်နဲ့ဗုံးအလုံးရေခြောက်ဆယ်ကျော်ကြဲ ludunwayooဇူလိုင် 4, 2026
သတင်း ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတွေကို စစ်တပ် ဗုံးကြဲ၊ တိုက်ပွဲလည်း ဖြစ်နေ စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ ludunwayooဇူလိုင် 3, 2026
သတင်း AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောကို စစ်တပ်က လေယာဉ်အုပ်နဲ့ ဗုံးကြဲ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ပေါ်နဲ့ မြို့အနီးပတ်လည်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ညမှာဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့ပြီး အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ludunwayooဇူလိုင် 2, 2026
သတင်း ဘူးသီးတောင်ကို စစ်တပ်က လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲ၊ ရိုဟင်ဂျာကလေးတဦး ဒဏ်ရာအပြင်းအထန်ရ ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေအပါအဝင် နေရာလေးခုထက်မနည်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာသုံးစီး၊ ထောက်ပို့လေယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့တာကြောင့်ရိုဟင်ဂျာကလေးငယ်တ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 2, 2026