News စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ် စီးနင်းမီးရှို့မှုများကြောင့် ကျေးရွာ ၁၅ရွာထက်မနည်းရှိ ပြည်သူသောင်းချီ ဘေးလွတ်ရာရှောင်နေရ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်နှင့် နယ်ချင်းထိဆက်နေသော ဝက်လက်မြို့နယ်တွင်လည်း ယမန်နေ့ (ဧပြီ ၂၄ ရက်)က ဧရာဝတီမြစ်ဘေးကျေးရွာများကိုစစ်ကြောင်းထိုးနေပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။ LuduNwayOoဧပြီ 25, 2022
News ပေါက်မြို့နယ်ရှိ ကျေးရွာများ မီးရှို့သည့်စစ်ကောင်စီတပ်ကို ကျောက်ထု PDF တိုက်ခိုက် ပေါက်မြို့နယ်တောင်ပိုင်းတခွင် ကမ်းကုန်အောင်ယုတ်မာရက်စက် လူသတ်၊ ကျေးရွာ ၁၁ရွာခန့်ကို မီးရှို့ပြီး ဧပြီ ၁၈ရက်တွင် ပေါက်မြို့နယ်အဆုံး ကျောက်ထုဒေသအစပ် မန်းကျေးရွာအရှေ့ ပုံတောင်အခြေကိုရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဧပြီ 20, 2022
News မတ္တရာနယ် သဖန်းကိုင်းရွာကို မီးရှို့သည့် စစ်ကောင်စီတပ် မိုင်းဖြင့်တိုက်ခိုက်ခံရဟု ဒေသခံပြော သဖန်းကိုင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၁ အောက်တိုဘာတွင် စတင်မီးရှို့ခဲ့ပြီး ကျေးရွာအနီးတောတဲတိုက်များကို မီးရှို့ခြင်းအပါအဝင် မီးရှို့သည့်အရေ အတွက် ငါးကြိမ်ခန့်ရှိပြီဟု ဆိုသည်။ LuduNwayOoဧပြီ 19, 2022
News ပေါင်းတည်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးသေ၊ စစ်တပ်က ကျေးရွာတစ်ရွာကို မီးရှို့သွား တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟုထုတ်ပြန်သည်။ LuduNwayOoဧပြီ 16, 2022
News ပေါက်နယ်တွင် ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်က တောထဲရှောင်ပုန်းနေသည့် ဒေသခံများ၏ ရိက္ခာများကိုပါ ထပ်မံမီးရှို့ဖျက်ဆီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ် ရှိ ကျေးရွာများကို မီးရှို့ခဲ့ရာ ရွာ ၁၃ရွာထက်မနည်းမီးရှို့ခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ ပေါက်နှင့် ဆက်စပ်နေသည့် ပခုက္ကူနှင့် ဆိပ်ဖြူနယ်ရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။ LuduNwayOoဧပြီ 15, 2022
မေးမြန်းခန်း “ကျွန်တော်တို့မှာ ဆုံးရှုံးစရာဘာမှမရှိတော့ဘူး။ အောင်ပွဲသာရမယ်၊နိုင်သာနိုင်သွားမယ်ဆိုရင် ကျွန်တော်တို့တစ်ရွာလုံး စစ်မြေပြင်ဖြစ်သွားပါစေ။ ဘယ်အိမ်ပါပါ။ အရာရာ အစကနေ ပြန်စတင်မယ်” အခုနောက်ဆုံး ဧပြီ ၁၁ရက်က မီးရှို့ဖျက်ဆီးတာမှာပြည်သူတွေရဲ့အိမ် အလုံးရေ ၁၅၀ထက်မနည်း မီးလောင်ပြာကျခဲ့ပြန်ပါတယ်။စစ်ကောင်စီတပ်က စာနာမှုမရှိဘဲ အကြိမ်ကြိမ် အကြမ်းဖက်ဖျက်ဆီးမှုကြုံနေရတဲ့ နတ်ချောင်းရွာက ဒေသခံတစ်ဦးကို လူထုနွေဦး(People's Spring)သတင်းဌာနက ဆက်သွယ်မြန်းထားပါတယ်။ LuduNwayOoဧပြီ 14, 2022
News စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ပေါက်မြို့နယ် သက္ကယ်ကျင်းရွာမှ နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီး မီးလောင်ပြီးအခြေအနေကို ဖော်ပြရာ ရွာလယ် ပိုင်းနှင့် ရွာအရှေ့ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း ရှိ နေအိမ်များ မီးလောင်ခံခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoဧပြီ 13, 2022
News စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ကင်းရွာမီးလောင်ပြင်နေရာတွင် ဒေသခံနှစ်ဦး အလောင်းတွေ့ မီးလောင်ပြင်၌တွေ့ရသည့် ဒေသခံနှစ်ဦးမှာ ကင်းရွာသားများဖြစ်သည့် ဦးကျော်စိုးနှင့် ကိုရာဇာမင်းတို့ ဖြစ်နိုင်သည်ဟု ရွာခံများက သုံးသပ်ထား ကြောင်း ၎င်းက ဆိုသည်။ LuduNwayOoဧပြီ 11, 2022
News ကလေးမြို့ နတ်ချောင်းရွာကို စစ်ကောင်စီတပ်မီးရှို့၍ နေအိမ်၁၀၀ကျော် မီးလောင်ဆုံးရှုံး "ဘယ်ဘာသာရေး အဆုံးအမကိုမှ နှလုံးသားထဲထိ ရောက်ရှိခဲ့ကြဟန်မတူ။ ယုတ်မာတဲ့ အလုပ်ပဲ လုပ်တတ်ကြတော့တဲ့ လူယုတ်တစု"ဟု ဒေသခံတစ်ဦးက ပြစ်တင်ရှုတ်စွာ ပြောသည်။ LuduNwayOoဧပြီ 11, 2022
News ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ကတိုက်ပွဲတွင်အထိနာပြီးနောက် နတ်ချောင်းရွာကို မီးရှို့ “ရွာထဲမှာ ကျန်ခဲ့တဲ့ သူတွေရဲ့ ဖုန်းတွေကို သိမ်းထားတော့ အခြေအနေကို အသေးစိပ်မသိရဘူး။ အိမ်မီးလောင်တာကို အဝေးက ကြည့်နေရတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။ LuduNwayOoဧပြီ 11, 2022