သတင်း မုန်တိုင်းကြောင့် မင်းတပ်ရှိ ကျေးရွာ ၂၄ရွာ ထိခိုက်ပျက်စီး ယနေ့ (မေလ ၁၉ ရက်)အထိ စာရင်းများအရ နေအိမ် ၆၀၀ နီးပါး၊ အစိုးရအဆောက်အဦးရ၉၄ ခု၊ ဘာသာရေးအဆောက်အဦ ၂၃ ခု၊ စပါးကျီပေါင်း ၁၅၃ခု ထိခိုက်ပျက်စီးပြီး အခြား အိမ်မွေးကျွဲနွားတိရစ္ဆာန် ၁၃ကောင် သေဆုံးခဲ့ကြောင်း အသိပေးသည်။ LuduNwayOoမေ 19, 2023
သတင်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေကို နိုင်ငံတကာ အကူအညီတွေ မပို့ဆောင်နိုင်အောင် စစ်ကောင်စီ တားဆီးနေ ကုလသမဂ္ဂရဲ့ လူသာချင်းစာနာမှုဆိုင်ရာ ရုံးဖြစ်တဲ့ OCHAက ရခိုင်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေဆီ ကျယ်ကျယ်ပြန့်ပြန့် သွားရောက်နိုင်ရေးအတွက် အေဂျင်စီ အများအပြားက စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်နေကြရဆဲလို့ အတည်ပြုခဲ့ပါတယ်။ LuduNwayOoမေ 19, 2023
သတင်း ဆိုက်ကလုန်းမိုခါ တုံ့ပြန်ရေး ကနဦး ဒေါ်လာ နှစ်သိန်းပေးအပ်လှူဒါန်းမည်ဟု အမေရိကန်ကြေညာ ဆိုက်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အများရှိခဲ့သည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပြီး လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်နေသည်ဟု အမေရိကန်သံရုံးက ဖော်ပြသည်။ LuduNwayOoမေ 18, 2023
သတင်း မုန်တိုင်းကြောင့် ချင်းပြည် (၈)မြို့နယ်တွင် နေအိမ်အဆောက်အဦး ၁,၈၀၀ကျော် ပျက်စီးဟု ICNCC အသိပေး မုန်တိုင်းကြောင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)ခုအနက် တွန်းဇံမြို့မှအပ ကျန်မြို့နယ် (၈)မြို့နယ်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး မတူပီမြို့နယ်တွင် နေအိမ်အဆောက်အဦး ၉၀၀ခန့်ဖြင့် အများဆုံး ပျက်စီးခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 18, 2023
သတင်း မိုခါမုန်တိုင်းကြောင့် ယမားချောင်းရေလျှံပြီး ကျေးရွာ ၁၂ ရွာထက်မနည်း ရေနစ်မြုပ်၊ အကူအညီများလိုအပ်နေ မိုခါမုန်တိုင်းကြောင့် ယမားချောင်းရေလျှံကာ ကျေးရွာအများအပြားရေနစ်မြုပ်ခဲ့ကြောင်း၊တောင်သူများ၏ စိုက်ခင်းများနှင့်မွေးမြူရေးတိရိစ္ဆာန်များ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 18, 2023
သတင်း မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူငွေများပေးအပ် မုန်ုတိုင်းကယ်ဆယ်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) က ကျပ်သိန်းတစ်ထောင်၊ KIOမှ ကျပ်သိန်း သုံးထောင်၊ MNDAAမှ ကျပ်သိန်း ၁၀၀၀ စီပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 18, 2023
သတင်း မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၀ ကျော်ရှိ၊ ရခိုင်မှ ၄၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း NUG ထုတ်ပြန် မေလ ၁၇ရက်အထိ မိုခါကြောင့် သေဆုံးသူ ဦးရေနှင့် ထိခိုက်ပျက်စီးမှုစာရင်းများ၊ လူသားချင်း စာနာမှု အကူအညီ ပေးအပ်ထားမှုများကို NUG လူသားစာနာဘေးစီမံဝန်ကြီးဌာနက အသိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 18, 2023
မေးမြန်းခန်း “အခုချိန်ထိလည်း ဘယ်လိုကူညီကယ် ဆယ်ရေးမှ ရှိမနေဘူး” အခုအထိအဲထိမှာ ကယ်ဆယ်ရေးတွေမရှိသေးပါဘူး ခင်ဗျာ။ အလောင်းတွေက နေအိမ်အပျက်အစီးတွေအောက်မှာ ရှိနေတုန်းပဲ။ အနံ့ဆိုးရတဲ့နေရာတွေကို လိုက်လံရှာဖွေပြီးတော့ ဆွဲထုတ်နေရဆဲပဲရှိပါတယ်။ အဲဒီဘက်မှာက ရေအမြင့် ပေ (၃၀)ခန့် တက်ခဲ့ပါတယ် ခင်ဗျ။ LuduNwayOoမေ 17, 2023
သတင်း ပေါက်နယ်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်ရှောင်နေအိမ်များအား PDFရဲဘော်များ ရှင်းလင်းပေး စစ်ဘေးသင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်များ၊တိရိစ္ဆာန်များ၊ စားသောက်ကုန်နှင့်အိမ်သုံးပရိဘောဂများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး စိုက်ပျိုးသီးနှံဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။ LuduNwayOoမေ 17, 2023
သတင်း မုန်တိုင်းကြောင့် လူဦးရေ ၅သန်းကျော် ဘေးဒဏ်သင့် မြေပြင်သတင်းတွေအရ စစ်ကိုင်းနဲ့ မကွေးတိုင်းဘက်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ရွာတွေ နဲ့ လယ်ကွင်းတွေရေမြှုပ်တာ ၊စိုက်ခင်းတွေ ပျက်စီးတဲ့အထိ ထိခိုက်ဆုံးရှုံးမှုတွေရှိနေတယ်လို့သိရပါတယ်။ LuduNwayOoမေ 17, 2023