Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိုက်ကလုန်းမိုခါ တုံ့ပြန်ရေး ကနဦး ဒေါ်လာ နှစ်သိန်းပေးအပ်လှူဒါန်းမည်ဟု အမေရိကန်ကြေညာ

ဆိုက်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အများရှိခဲ့သည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပြီး လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်နေသည်ဟု အမေရိကန်သံရုံးက ဖော်ပြသည်။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေမြို့တစ်နေရာအား ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Rakhine Radio FM)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေမြို့တစ်နေရာအား ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Rakhine Radio FM)

ဆိုက်ကလုန်းမိုခါ တုံ့ပြန်ရေးအတွက် ကနဦးအဖြစ် အမေရိကန်ဒေါ်လာ နှစ်သိန်းကို ပေးအပ်လှူဒါန်းသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယမန်နေ့တွင် ကြေညာသည်။

ဆိုက်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အများရှိခဲ့သည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပြီး လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်နေသည်ဟု အမေရိကန်သံရုံးက ဖော်ပြသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှတဆင့် ဒေါ်လာနှစ်သိန်းပေးအပ်မည်ဖြစ်ပြီး ယခုထောက်ပံ့မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက် ဖြစ်ကြောင်း သံရုံးက ဆိုသည်။

ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးပြီး ရှေ့လာမည့် ရက်များ၊ သီတင်းပတ်များနှင့် လများအတွင်း ဘေးသင့်သူများကို ဆက်လက် ကူညီသွားရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စင်ကာပူကြက်ခြေနီ(SRC)ကလည်း မေလ ၁၆ ရက်ကပင် မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်ထောက်ပံ့မှုများလုပ်ဆောင်ရန် လူသားချင်းစာနာမှုအကူအညီအဖြစ် စင်ကာပူဒေါ်လာ ငါးသောင်း ပေးအပ်မည်ဟု ကြေညာသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် အလွန်အမင်းလိုအပ်ချက်များနေသည့် မြန်မာပြည်သူများသည် ယခုကဲ့သို့ ကြီးမားသည့်အပျက်အစီးများ ကြုံရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများပေးရန် ရခိုင်ပြည်နယ်နှင့် တခြားနေရာများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲက ပြောသည်။

ဗြိတိန်သည် မုန်တိုင်းသက်ရောက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ချက်ချင်းအကူအညီပေးနိုင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များကို ရန်ပုံငွေထောက်ပံ့ရန် ညွှန်ကြားထားပြီး နောက်ထပ်ရန်ပုံငွေနှင့် ပံ့ပိုးကူညီမှုများ ပေးနိုင်ရန် အမြန်ဆုံး လုပ်ဆောင်သွားမည်ဟု သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးကလည်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိပြီး လိုအပ်ချက်များကို အကဲဖြတ်မှုများ စတင်နေပြီဖြစ်ပြီး ဥရောပသမဂ္ဂ၏ အရင်းအမြစ်များကို စီမံခန့်ခွဲလျက် မုန်တိုင်းသင့်ပြည်သူများကို ထောက်ပံ့ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွင် ပါဝင်ကူညီနိုင်ရန် ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

အိမ်နီးချင်းတရုတ်အစိုးရက မြန်မာနိုင်ငံ၏ လက်တွေ့လိုအပ်ချက်အရ တတ်စွမ်းသမျှ အရေးပေါ် ဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ကူညီမှုများပေးအပ်ရန် ဆန္ဒရှိကြောင်း ပြောကြားထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများသည် စတင်လှုပ်ရှားလာကြပြီး မြန်မာနိုင်ငံသို့ ထောက်ပံ့ပစ္စည်းများနှင့် ငွေကြေးပံ့ပိုးမှုများ တက်ကြွစွာ ပေးအပ်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။