Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေကြီး​ရေလျှံ​နေတဲ့ကရင်ပြည်နယ်မှာ ​တောင်ပြိုမှုအန္တရာယ်သတိ​ပေး

“ သံလွင်မြစ်ရေက ဘားအံမှာဆက်တက်နိုင်သေးလို့ ကမ်းနာနေသူတွေ ဂရုပြုသင့်တယ်။ မိုးကလည်းများနေတဲ့အတွက် တောင်ကုန်းတောင်စောင်းနေသူတွေနဲ့ သစ်ပင်ကြီးနား နေသူတွေ မြေပြိုမှာ သစ်ပင်လှဲမှာတွေကို အထူးဂရုစိုက်ပါ” လို့ ပြည်နယ်မိုးဇလတာဝန်ရှိသူက အသိပေးထားပါတယ်။

ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရတဲ့ ကရင်ပြည်နယ်မှာ မိုးရွာသွန်းမှုများပြားတဲ့အတွက် တောင်မြေပြိုမှုအန္တရာယ်ကိုပါ သတိပြုကြဖို့ ပြည်နယ်မိုးဇလတာဝန်ရှိသူတစ်ဦးက အသိပေးလိုက်ပါတယ်။

လတ်တလော ကရင်ပြည်နယ်မှာ သံလွင် လှိုင်းဘွဲ သောင်ရင်းမြစ်အပါအဝင် မြစ်ချောင်း ၇ စင်းမှာ စိုးရိမ်ရေမှတ်ထက်အသီးသီးကို ကျော်လွန်ရောက်ရှိနေလို့ မြို့နယ်ဒေသတော်တော်များများမှာ ရေကြီးမှုအန္တရာယ်နဲ့ ကြုံဆုံနေရပါတယ်။

မိုးဇလရဲ့ ဒီကနေ့မနက်ထုတ်ပြန်ထားချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိလာပြီး နောက် ၁ ရက်အတွင်းမှာ ၁ ပေခွဲခန့်ဆက်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် သောင်ရင်းမြစ်ရေဟာလည်း စိုးရိမ်ရေမှတ်ထက် ၁၀ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်အထက်ကို ဆက်လက်တည်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အကြောင့် မြစ်ရေကြီးလာမှုကြောင့် ကမ်းနားအနီးနေထိုင်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့လိုသလို မိုးရွာသွန်းမှုကလည်း များပြားတဲ့အတွက် တောင်မြေပြိုမှုအန္တရာယ်ကိုပါ သတိပြုကြဖို့ ကရင်ပြည်နယ် မိုးဇလတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ သံလွင်မြစ်ရေက ဘားအံမှာဆက်တက်နိုင်သေးလို့ ကမ်းနာနေသူတွေ ဂရုပြုသင့်တယ်။ မိုးကလည်းများနေတဲ့အတွက် တောင်ကုန်းတောင်စောင်းနေသူတွေနဲ့ သစ်ပင်ကြီးနား နေသူတွေ မြေပြိုမှာ သစ်ပင်လှဲမှာတွေကို အထူးဂရုစိုက်ပါ” လို့ ပြည်နယ်မိုးဇလတာဝန်ရှိသူက အသိပေးထားပါတယ်။

ကရင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံမှုဒဏ်ကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းကို ရောက်ရှိခိုလှုံနေတဲ့သူဦးရေက သုံးထောင်ကျော်ရှိတယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးက ထုတ်ပြန်ချက်အရသိရပါတယ်။