Connect with us

Hi, what are you looking for?

News

ရေကြီး​ရေလျှံ​နေတဲ့ကရင်ပြည်နယ်မှာ ​တောင်ပြိုမှုအန္တရာယ်သတိ​ပေး

“သံလွင်မြစ်ရေက ဘားအံမှာဆက်တက်နိုင်သေးလို့ ကမ်းနာနေသူတွေ ဂရုပြုသင့်တယ်။ မိုးကလည်းများနေတဲ့အတွက် တောင်ကုန်းတောင်စောင်းနေသူတွေနဲ့ သစ်ပင်ကြီးနား နေသူတွေ မြေပြိုမှာ သစ်ပင်လှဲမှာတွေကို အထူးဂရုစိုက်ပါ” လို့ ပြည်နယ်မိုးဇလတာဝန်ရှိသူက အသိပေးထားပါတယ်။

ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရတဲ့ ကရင်ပြည်နယ်မှာ မိုးရွာသွန်းမှုများပြားတဲ့အတွက် တောင်မြေပြိုမှုအန္တရာယ်ကိုပါ သတိပြုကြဖို့ ပြည်နယ်မိုးဇလတာဝန်ရှိသူတစ်ဦးက အသိပေးလိုက်ပါတယ်။

လတ်တလော ကရင်ပြည်နယ်မှာ သံလွင် လှိုင်းဘွဲ သောင်ရင်းမြစ်အပါအဝင် မြစ်ချောင်း ၇ စင်းမှာ စိုးရိမ်ရေမှတ်ထက်အသီးသီးကို ကျော်လွန်ရောက်ရှိနေလို့ မြို့နယ်ဒေသတော်တော်များများမှာ ရေကြီးမှုအန္တရာယ်နဲ့ ကြုံဆုံနေရပါတယ်။

မိုးဇလရဲ့ ဒီကနေ့မနက်ထုတ်ပြန်ထားချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိလာပြီး နောက် ၁ ရက်အတွင်းမှာ ၁ ပေခွဲခန့်ဆက်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် သောင်ရင်းမြစ်ရေဟာလည်း စိုးရိမ်ရေမှတ်ထက် ၁၀ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်အထက်ကို ဆက်လက်တည်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အကြောင့် မြစ်ရေကြီးလာမှုကြောင့် ကမ်းနားအနီးနေထိုင်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့လိုသလို မိုးရွာသွန်းမှုကလည်း များပြားတဲ့အတွက် တောင်မြေပြိုမှုအန္တရာယ်ကိုပါ သတိပြုကြဖို့ ကရင်ပြည်နယ် မိုးဇလတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သံလွင်မြစ်ရေက ဘားအံမှာဆက်တက်နိုင်သေးလို့ ကမ်းနာနေသူတွေ ဂရုပြုသင့်တယ်။ မိုးကလည်းများနေတဲ့အတွက် တောင်ကုန်းတောင်စောင်းနေသူတွေနဲ့ သစ်ပင်ကြီးနား နေသူတွေ မြေပြိုမှာ သစ်ပင်လှဲမှာတွေကို အထူးဂရုစိုက်ပါ” လို့ ပြည်နယ်မိုးဇလတာဝန်ရှိသူက အသိပေးထားပါတယ်။

ကရင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံမှုဒဏ်ကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းကို ရောက်ရှိခိုလှုံနေတဲ့သူဦးရေက သုံးထောင်ကျော်ရှိတယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးက ထုတ်ပြန်ချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

လျှပ်စစ်ဓါတ်အားထုတ်တဲ့ တမံတွေမှာ ရေလျှံနေလို့ ရန်ကုန် စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က စည်းရုံးနေပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေလျှံပြီး ရေကာတာ‌ ပေ၅၀ခန့် ကျိုးသွားလို့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

Facebook