Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ မိုးများကြီး ရေလျှံ

ရန်ကုန်မြို့မှာ ဒီနေ့(နိုဝင်ဘာ၂) မနက်ပိုင်းကတည်း က မိုးများနေတာကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။

နိုဝင်ဘာ – ၂၊၂၀၂၅ ၊ရောင်နီ/ People’s Spring

ရန်ကုန်မြို့မှာ ဒီနေ့(နိုဝင်ဘာ၂) မနက်ပိုင်းကတည်း က မိုးများနေတာကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။

“မနက်အစောပိုင်းက မိုးက ရေတော်တော်ပါတယ်၊ လမ်းတွေပါရေမြှုပ်တာ၊ အခုလည်းတဖွဲဖွဲတော့ ရွာတုန်း ၊ရေကျတဲ့နေရာတွေလည်းကျသွားပြီ” လို့ ကမာရွတ်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မိုးရွာတိုင်းရေကြီးနေကြဖြစ်တဲ့ သမိုင်းလမ်းဆုံ ၊ တာမွေအဝိုင်းစတဲ့နေရာတွေမှာလည်း လမ်းပေါ်မှာ ရေများနေတာကြောင့် ကားလမ်းတွေပိတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

လေဖိအားနည်းရပ်ဝန်းကြောင့် ဒီရက်ပိုင်း ရန်ကုန် အပါအဝင် ဒေသအများစုမှာ မိုးဆက်ရွာဦးမယ်လို့ မိုးလေဝသသတင်းတွေမှာဖော်ပြထားပါတယ်။

ရန်ကုန်မှာတော့ အောက်တိုဘာ ၃၁ ရက်ညကစပြီး မိုးဆက်တိုက်ရွာနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေလျှံပြီး ရေကာတာ‌ ပေ၅၀ခန့် ကျိုးသွားလို့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။