Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရေကြီးရေလျှံ

လာမယ့် ၂၄ နာရီအတွင်း မန္တလေးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးများနိုင်တယ်လို့ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်ကသူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

မန္တလေးမှာ ရေကြီးရေလျှံ
မန္တလေးမှာ ရေကြီးရေလျှံ

ဒီနေ့မနက်အစောပိုင်းက မန္တလေးမှာ မိုးသည်းပြီးနောက် မြို့ပေါ်က နေရာတွေအပါအဝင် အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်နေတယ်လို့ သိရပါတယ်။

မနက် ၃ နာရီခန့်က မိုးရွာပြီးနောက် မန္တလေးမြို့ ထဲက အဓိက လမ်းမကြီးတွေဖြစ်တဲ့ ၆၂ လမ်း ၊ ၃၅ လမ်း ၊ သိပ္ပံလမ်း၊ ၈၄လမ်း၊ ၇၃လမ်း၊ ၇၈ လမ်းနဲ့ မနော်ဟရီလမ်းမကြီးတွေမှာ ရေလွှမ်းခဲ့တာပါ။

” မြို့ထဲအနိမ့်ပိုင်းနေရာတွေတော်တော်ဆိုးတယ် ” လို့ ဒိုင်းမွန်းပလာဇာ အနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။

မန္တလေးမှာ ရေကြီးရေလျှံ
မန္တလေးမှာ ရေကြီးရေလျှံ

မနက် ၆ နာရီဝန်းကျင်မှာတော့ မိုးတိတ်သွားပြီး ရေအနည်းငယ်ကျသွားပေမယ့် လမ်းပေါ်မှာ ရေကျော်နေတာရှိတဲ့အတွက် သွားလာရေး ခက်ခဲနေသေးတယ်လို့ ပါဆယ်ပို့ဆောင်ပေးသူတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အောင်မြေသာစံ ၊ ချမ်းမြသာစည် ၊မဟာအောင်မြေ ၊ ချမ်းအေးသာစံ နဲ့ ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်အချို့မှာလည်း ရေဝင်နေတယ်လို့ သိရပါတယ်။

မန္တလေးမှာ ရေကြီးရေလျှံ
မန္တလေးမှာ ရေကြီးရေလျှံ

ပုသိမ်ကြီးမြို့နယ် နားဋောင်းကျချောင်းရေ ဝင်ရောက်မှုကြောင့် အုန်းချောကျေးရွာနဲ့ အနီးဝန်းကျင် ရွာတွေမှာ ရေကြီးလာလို့ အရေးပေါ် ရွှေ့ပြောင်းပေးရတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး) က အသိပေးထုတ်ပြန်ပါတယ်။

အုန်းချောကျေးရွာအနီး တောင်ကျချောင်း ရေများပြီး အုန်းချော-ဆည်တော် ရွာချင်းဆက်လမ်းပေါ်ရှိ တံတားတစ်စင်း လည်း ကျိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှာ ရေကြီးရေလျှံ
မန္တလေးမှာ ရေကြီးရေလျှံ

လာမယ့် ၂၄ နာရီအတွင်း မန္တလေးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးများနိုင်တယ်လို့ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်ကသူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေလျှံပြီး ရေကာတာ‌ ပေ၅၀ခန့် ကျိုးသွားလို့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။