သတင်း စစ်ကိုင်းနယ် တောင်ကြားရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှပစ်ခတ်ပြီး ရွာကိုမီးထပ်ရှို့နေ စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ဩဂုတ် ၂၉ ရက်ကလည်း တောင်မြို့ကျေးရွာနှင့် တောင်ကြားရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၆၇လုံး မီးလောင်ပျက်စီးခဲ့သည်။ LuduNwayOoဩဂုတ် 31, 2022
သတင်း ကောလင်းနယ်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်၍ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် အပါအဝင် ပြည်သူလေးဦး သေဆုံးခဲ့ရသည့် မှတ်တမ်းများ ထုတ်ပြန် သေဆုံးခဲ့သူများမှာ သစ်ဆိမ်ကုန်းရွာနေ မောင်ပြည့်စုံ ၊ ကိုမိုးအောင် ၊ကိုဇင်မျိုးထွန်းနှင့် ကိုဇင်မျိုးထွန်း၏ ဇနီးကိုယ်ဝန်ကိုးလလွယ်ထားသည့် မဖြူဇာဝင်းတို့ဖြစ်ပြီး မောင်ပြည့်စုံ၏ဖခင် ကိုနေလင်းဦးမှာ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း ကောလင်း ပကဖ စခန်းကို လေကြောင်းပစ်ကူနှင့်အတူ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းတိုက်ခိုက် စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများသို့လည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။ LuduNwayOoဩဂုတ် 29, 2022
သတင်း မြဝတီမြို့နယ် သုံးထပ်ကွေ့နှင့်အနီးတဝိုက် တိုက်ပွဲပြင်းထန်နေ တိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် KNU သတင်းရင်းမြစ်အချို့နှင့် ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။ LuduNwayOoဩဂုတ် 23, 2022
သတင်း မုန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ရွာသူ၊ ရွာသားတွေ ထွက်ပြေးနေရ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ ကနစိုးပင်ကျေးရွာဟာ ကေအဲန်ယူ-မူးမြို့နယ်စီမံအုပ်ချုပ်နယ်မြေဖြစ်ပြီး တိုက်ပွဲတွေမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။ LuduNwayOoဩဂုတ် 23, 2022
သတင်း KNU ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်လာဟု ဒေသခံပြော ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 23, 2022
သတင်း ကချင်နှင့် စစ်ကိုင်းဒေသထွက် ကျောက်စိမ်းကို စစ်ကောင်စီ လေကြောင်းမှ သယ်ယူနေ ယခုရက်ပိုင်းတွင် ကလေးမြို့လေဆိပ်မှ ခရီးသည်နှင့် ကုန်တင်လေယာဥ် တစ်နေ့ ငါးစီးခန့် နေ့စဥ်ထွက်ခွာနေပြီး ကျောက်စိမ်းသယ်နေခြင်းဟု ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 22, 2022
သတင်း လေးကေ့ကော်ဒေသကို ယမန်နေ့ညက စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက် အဆိုပါ မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့ နှင့် အနီးတဝိုက်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။ LuduNwayOoဩဂုတ် 19, 2022
သတင်း ယင်းမာပင်တွင် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် က လေကြောင်းမှ တိုက်ပွဲမရှိဘဲပစ်ခတ်နေ စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းသည့် ယင်းမာပင်မြို့နယ်တွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။ LuduNwayOoဩဂုတ် 11, 2022
သတင်း ထီးချိုင့်မြို့မှတက်လာသည့် ရေယာဥ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက် သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားသောကြောင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေး ထားသည်။ LuduNwayOoဩဂုတ် 11, 2022