Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လေးကေ့ကော်ဒေသကို ယမန်နေ့ညက စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

အဆိုပါ မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့ နှင့် အနီးတဝိုက်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ကော်ဘရာစစ်သည်တော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်း
စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ကော်ဘရာစစ်သည်တော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်း

▪️မြဝတီ သုံးထပ်ကွေ့သို့ ထိုးစစ်ဆင်ဝင်ရောက်ရာ ကော်ဘရာစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညတုန်းက လေယာဉ်က လေးကေ့ကော်မှာ ပစ်တယ် ကွ။ ည ၁၁နာရီ ကျော်ကျော်လေးမှာ။ အထိအခိုက် တော့ မသိရဘူး”ဟု ၎င်းက ဆိုသည်။

ထိုသို့ လေကြောင်းမှ တိုက်ခိုက်ပြီးနောက် နံနက်အစော ၃နာရီခန့်တွင် မြ၀တီမြို့နယ် သုံးထပ်ကွေ့ အနီးသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ကရင်ဒေသခံက ပြောသည်။

“သုံးထပ်ကွေ့လမ်း အဲဒီမှာ စစ်ကြောင်းထိုးလာတယ် ကော်ဘရာ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ စစ်ကြောင်းက ထိခိုက်နစ်နာမှုတွေများတော့ ပြန်ဆုတ်သွားတယ်။ လေယာဉ်နဲ့လာခြိမ်းခြောက်တယ်။ တစ်ဖက်ကလည်း စစ်ကြောင်းက မြေပြင်မှာ ထိုးတယ်။ အဲဒီမှာ ကော်ဘရာ စစ်ကြောင်းနဲ့ တိုးသွားတာပေါ့”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုဆက်လုပ်ပါက တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့ နှင့် အနီးတဝိုက်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။