Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ် တောင်ကြားရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှပစ်ခတ်ပြီး ရွာကိုမီးထပ်ရှို့နေ

စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ဩဂုတ် ၂၉ ရက်ကလည်း တောင်မြို့ကျေးရွာနှင့် တောင်ကြားရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၆၇လုံး မီးလောင်ပျက်စီးခဲ့သည်။

တောင်ကြားရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
တောင်ကြားရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ်၊ တောင်ကြားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်နေပြီး ကျေးရွာအတွင်းသို့လည်း ထပ်မံဝင်ရောက် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၃၁ရက်) နံနက် ၇နာရီခွဲခန့်က စစ်ကောင်စီတပ်များသည် တောင်ကြားရွာအား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင် မြေပြင်၌လည်း ကြွယ်ပုံရွာ၌ စခန်းချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကျေးရွာအတွင်း ထပ်မံဝင်ရောက်မီးရှို့နေကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

” လက်နက်ကြီးနဲ့ ၇ ချက်ထုတယ်။ တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နံနက် ၉:၄၂နာရီအချိန်မှာ ယခင်ရက်က တောင်ကြားရွာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာများကို ၆ ချက်ခန့်ပစ်ခတ်ခဲ့ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်အုပ်စုသည် အင်အား ၁၀၀ခန့်ရှိပြီး ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ဩဂုတ် ၂၉ ရက်ကလည်း တောင်မြို့ကျေးရွာနှင့် တောင်ကြားရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၆၇လုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။