Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့မှတက်လာသည့် ရေယာဥ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်

သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားသောကြောင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေး ထားသည်။

(ချင်းတွင်းမြစ်အတိုင်း သွားလာနေသော စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့ရစဉ်၊ ဓာတ်ပုံ - KLG တပ်မဟာ)
(ချင်းတွင်းမြစ်အတိုင်း သွားလာနေသော စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့ရစဉ်၊ ဓာတ်ပုံ - KLG တပ်မဟာ)

ထီးချိုင့်မြို့မှ တက်လာသည့် စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် ရာ သင်္ဘောတစ်စီးထိမှန်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၁၁ ရက်)တွင် ထီးချိုင့်မြို့မှတက်လာသော သဘော်များကို ပန်းသေးကျွန်းတစ် ဝိုက်၌နေ့လည် ၁ နာရီခွဲခန့်တွင် KachinPDFနှင့် ဒေသခံ ပကဖ များပူးပေါင်း၍ (107)မမ လျော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာသဘ်ော(၆)စီးအနက် တစ်စီးမှာ ချက်ကောင်းထိမှန်သွားခဲ့သည်ဟု ဆိုသည်။

“ကသာနယ်မှာ ရှော့တိုက်ဒုံးတွေနဲ့ တိုက်တာ ဟုတ်တယ်။ ကျွန်တော်တို့ မြေပြင်အခြေအနေကို အသေးစိတ် စုံစမ်းနေပါတယ်” ဟု ကသာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့်စစ်ကောင်စီတပ်က ကသာဆိပ်ကမ်း၌သံခွန်မော်တော်ကြီး တစ်စီးရှာဖွေနေရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ညနေ ၃ နာရီ ၄၈ မိနစ်က ကသာမြို့အထက်ဘက် မင်းလယ်အုပ်စု၊မင်းလယ် နှင့် မဲဟင်းကြားတွင် ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံး ၇ ကြိမ် လာရောက်ကြဲချသွားပြီး ထိခိုက်မှုအသေးစိတ်အခြေအနေ မသိရသေးပေ။

စစ်လက်နက်နှင့် ရိက္ခာတင်ဆောင်ထားသည့် ရေယာဥ်အုပ်စုကို ကချင်ပြည် နယ်ဗန်းမော်မြို့ရောက်သည်စစ်ကောင်စီက ကုန်းကြောင်းနှင့် လေကြောင်းကပါ တပ်ကူပေးလိမ့်မည်ဟု ကသာ (ပကဖ)က သုံးသပ်သည်။

ထို့ကြောင့် မြစ်ရိုးတစ်ရှောက်ကျေးရွာများမှ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်ရှောင်ပေးထားရန်လည်း မေတ္တာရပ်ခံသည်။

ယခုလ ၈ ရက်ကစ၍ မန္တလေး ဂေါဝန်ဆိပ်ကမ်းမှ စစ်သင်္ဘောတစ်စီး အပါအဝင် ရိက္ခာတင် သင်္ဘော ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာ စုစုပေါင်း ၆စီး ဗန်းမော်ဘက်သို့ ဆန်တက်လာခဲ့ခြင်းဖြစ်သညိ။

အဆိုပါ သင်္ဘော (၆)စီးအားစစ်ကောင်စီက ကုန်းကြောင်း၊လေကြောင်းဖြင့် ဝန်းရံကာ ဗန်းမော်မြို့အထိ တွဲခေါ်မည်ဟု သတင်းရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

သင်္ဘော ၆ စီးမှာ သံခွန်သင်္ဘောအသေးတစ်စီးနှင့် ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသော သင်္ဘောငါးစီးဟု Tigyaing Revolution -TRက အသိပေးထားသည်။

သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားသောကြောင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေး ထားသည်။

သင်္ဘောများတွင်စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်း

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။