Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်မြို့မှတက်လာသည့် ရေယာဥ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်

သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားသောကြောင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေး ထားသည်။

(ချင်းတွင်းမြစ်အတိုင်း သွားလာနေသော စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့ရစဉ်၊ ဓာတ်ပုံ - KLG တပ်မဟာ)
(ချင်းတွင်းမြစ်အတိုင်း သွားလာနေသော စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့ရစဉ်၊ ဓာတ်ပုံ - KLG တပ်မဟာ)

ထီးချိုင့်မြို့မှ တက်လာသည့် စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် ရာ သင်္ဘောတစ်စီးထိမှန်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၁၁ ရက်)တွင် ထီးချိုင့်မြို့မှတက်လာသော သဘော်များကို ပန်းသေးကျွန်းတစ် ဝိုက်၌နေ့လည် ၁ နာရီခွဲခန့်တွင် KachinPDFနှင့် ဒေသခံ ပကဖ များပူးပေါင်း၍ (107)မမ လျော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာသဘ်ော(၆)စီးအနက် တစ်စီးမှာ ချက်ကောင်းထိမှန်သွားခဲ့သည်ဟု ဆိုသည်။

“ကသာနယ်မှာ ရှော့တိုက်ဒုံးတွေနဲ့ တိုက်တာ ဟုတ်တယ်။ ကျွန်တော်တို့ မြေပြင်အခြေအနေကို အသေးစိတ် စုံစမ်းနေပါတယ်” ဟု ကသာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့်စစ်ကောင်စီတပ်က ကသာဆိပ်ကမ်း၌သံခွန်မော်တော်ကြီး တစ်စီးရှာဖွေနေရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ညနေ ၃ နာရီ ၄၈ မိနစ်က ကသာမြို့အထက်ဘက် မင်းလယ်အုပ်စု၊မင်းလယ် နှင့် မဲဟင်းကြားတွင် ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံး ၇ ကြိမ် လာရောက်ကြဲချသွားပြီး ထိခိုက်မှုအသေးစိတ်အခြေအနေ မသိရသေးပေ။

စစ်လက်နက်နှင့် ရိက္ခာတင်ဆောင်ထားသည့် ရေယာဥ်အုပ်စုကို ကချင်ပြည် နယ်ဗန်းမော်မြို့ရောက်သည်စစ်ကောင်စီက ကုန်းကြောင်းနှင့် လေကြောင်းကပါ တပ်ကူပေးလိမ့်မည်ဟု ကသာ (ပကဖ)က သုံးသပ်သည်။

ထို့ကြောင့် မြစ်ရိုးတစ်ရှောက်ကျေးရွာများမှ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်ရှောင်ပေးထားရန်လည်း မေတ္တာရပ်ခံသည်။

ယခုလ ၈ ရက်ကစ၍ မန္တလေး ဂေါဝန်ဆိပ်ကမ်းမှ စစ်သင်္ဘောတစ်စီး အပါအဝင် ရိက္ခာတင် သင်္ဘော ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာ စုစုပေါင်း ၆စီး ဗန်းမော်ဘက်သို့ ဆန်တက်လာခဲ့ခြင်းဖြစ်သညိ။

အဆိုပါ သင်္ဘော (၆)စီးအားစစ်ကောင်စီက ကုန်းကြောင်း၊လေကြောင်းဖြင့် ဝန်းရံကာ ဗန်းမော်မြို့အထိ တွဲခေါ်မည်ဟု သတင်းရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

သင်္ဘော ၆ စီးမှာ သံခွန်သင်္ဘောအသေးတစ်စီးနှင့် ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသော သင်္ဘောငါးစီးဟု Tigyaing Revolution -TRက အသိပေးထားသည်။

သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားသောကြောင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေး ထားသည်။

သင်္ဘောများတွင်စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်း

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။