Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်တွင် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် က လေကြောင်းမှ တိုက်ပွဲမရှိဘဲပစ်ခတ်နေ

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းသည့် ယင်းမာ​ပင်မြို့နယ်တွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တို​က်ပွဲများ ဖြစ်ပွားနေသည်။

ယင်းမာပင်တွင် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် က လေကြောင်းမှ တိုက်ပွဲမရှိဘဲပစ်ခတ်နေ
ယင်းမာပင်တွင် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် က လေကြောင်းမှ တိုက်ပွဲမရှိဘဲပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပုထိုးသာကျေးရွာနှင့် ရင်ပေါင်တိုင်ကျေးရွာကို အကြမ်းဖ​က်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၁၁ရက်) ညနေ ၃နာရီခန့်ကယင်းမာပင်မြို့နယ်၊ ပုထိုးသာကျေးရွာနှင့်

ရင်ပေါင်‌တိုင် ကျေးရွာတို့ကို စစ်ကောင်စီတပ်က Mi35ရဟတ်ယာဉ်၂စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရိုးရိုးရဟတ်ယာဉ် တစ်စီးဖြင့် စစ်ကောင်စီတပ်သားများ နှစ်ကြိမ်တိတိ ချနေကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ပိတ်မိနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အထိခိုက်များနိုင်ကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းမာပင်နယ်​ ဒေသခံတစ်ဦးက “ရဟတ်ယာဥ်နဲ့ ပစ်ခက်ပြီး ရင်ပေါင်တိုင်ရွာအနီးက အင်းထဲကို ရဟတ်ယာဥ်ပေါ်ကနေ စစ်​ွေးတွေချနေတယ်လို့ ပြောတယ်။ ချောင်းယမားရေတွေကလာနေတော့ ပြေးလို့မရဘူး။အကုန်ပိတ်မိနေတယ်။”ဟု ပြောသည်။

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းသည့် ယင်းမာ​ပင်မြို့နယ်တွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တို​က်ပွဲများ ဖြစ်ပွားနေသည်။

သြဂုတ်လ၁၀ရက်နေ့ ည ၉နာရီ ၁၅မိနစ်ခန့်ကလည်း စစ်ကောင်စီတပ်က ယင်းမာပင်မြို့အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြောင်းပြာကျေးရွာ အတွင်း ကျရောက်ခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။