Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့နယ် သုံးထပ်ကွေ့နှင့်အနီးတဝိုက် တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် KNU သတင်းရင်းမြစ်အချို့နှင့် ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။

(စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များသည် မြဝတီ - ဝေါ်လေ လမ်းမ‌၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသော နေရာများသို့ ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များသည် မြဝတီ - ဝေါ်လေ လမ်းမ‌၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသော နေရာများသို့ ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်ကျဆုံးရှိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေ လမ်း သုံးထပ်ကွေ့နှင့်အနီး တဝိုက်တွင် ယနေ့ တိုက်ပွဲများ ပြင်းထန်နေပြီး ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ် နှစ်ဖက်လုံး ထိခိုက်ကျဆုံးရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါဒေသ၌ လွန်ခဲ့သည့် ၂လကျော်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

“ဒေါနအရှေ့ခြမ်းဖြစ်တဲ့ သုံးထပ်ကွေ့တောက်လျှောက်ပေါ့။ နှစ်နေရာလောက် တိုက်ပွဲဖြစ်နေတယ်။ အပေါ်မှာ တော်တော်လေးတော့ ပစ်ကြတယ်။ လေယာဉ်က တစ်နေကုန်ပဲ ပစ်ကြတယ်။ စောစောကလည်း လေယာဉ်က ပစ်တာကို သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းကြားရသော်လည်း အတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်က ကော်ဘရာ စစ်ကြောင်းရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ကော်ဘရာစစ်သည်အချို့ ကျဆုံးမှုရှိသည်ဟု ဆိုသည်။

“သူတို့ သတင်းထုတ်ပြန်ပါလိမ့်မယ်။ အခုတော့ စစ်ကူတွေလိုက်သွားကြပြီ။ လမ်းကနေ ဖြတ်တိုက်ကြလိမ့်မယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် KNU သတင်းရင်းမြစ်အချို့နှင့် ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။