Connect with us

Hi, what are you looking for?

သတင်း

KNU ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်လာဟု ဒေသခံပြော

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

(သြဂုတ် ၈ရက်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - KNU)
(သြဂုတ် ၈ရက်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ် ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဩဂုတ် ၂၃ရက်) နံနက် ၈နာရီခွဲတွင် စစ်ရဟတ်ယာဉ်ဖြင့် နာရီဝက်ကြာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရမှု အခြေအနေများကိုမူ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ကျောက်ကြီးမြို့နယ်တွင် KNU လက်အောက်ခံတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲများ ဖြစ်ပွားမှုတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူလူထု အများအပြားရှိသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၈ရက် နံနက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ်သို့ ရဟတ်ယာဉ် ၂စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲ၌ အထိနာပါက ရဟတ်ယာဉ် တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်လေ့ရှိသည်။

ယခုရက်ပိုင်းအတွင်း ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ရှိမရှိကို မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို